Kiss Husband - 161
အပိုင်း (၁၆၁)
ရွှီယိကျစ် အိတ်ထဲမှအရုပ်များကို ထုတ်လိုက်သောအခါ ရှောင်နော့၏ မျက်လုံးလေးများ တောက်ပလာသည်။
"ဖေဖေ ဒါဘာတွေလဲ။"
"အရုပ်တွေ။"
"ဖေဖေ့ ရှောင်နော့က သုံးနှစ်သားလေး မဟုတ်ပါဘူး၊ ရှောင်နော့ လေးနှစ်ခွဲတောင် ရှိနေပြီ၊ ဒါအရုပ်တွေမှန်း ရှောင်နော့သိပါတယ်၊ သူတို့က ဘယ်လိုခေါ်တာလဲလို့။"
သူက ပိစိလေးမျှစိတ်မကျေနပ်စွာ ပြောလိုက်သည်။
အရုပ်တွေက အရုပ်ပဲလေ၊ နာမည်ရှိလို့လား။
ရွှီယိကျစ်၏မျက်လုံးများမှာ စိတ်ရှုပ်မှုများပြည့်နေ၏။
လင်ရှီးက အနီးကပ်ကြည့်လိုက်ပြီး။
"ယောင်္ကျား၊ ဘာလို့ Ultraman တွေ အများကြီးဝယ်လာတာတုန်း။"
ဟိုလှန်ဒီလှန်ကြည့်လိုက်လျှင် ပစ္စည်းကိရိယာများပင် ပါသေး၏။
"ဒါတွေက Ultraman လို့ခေါ်တယ်။"
လင်ရှီးမှာ သူက သူမကို နောက်မနေမှန်း သေချာစေရန် အနည်းငယ်မျက်လုံးပင့်ကြည့်လာသည်။
"မဟုတ်သေးပါဘူး ယောင်္ကျား၊ ရှင် ငယ်ဘဝကို ဘယ်လိုများဖြတ်သန်းခဲ့တာလဲ။"
သူ Ultraman ကိုတောင် မသိပါချေ။
ရွှီယိကျစ်၏မျက်နှာထက် ရုတ်တရက် ဝမ်းနည်းရိပ်အနည်းငယ်လှစ်ဟပြလာသည်။
"ကိုယ် ငယ်ငယ်တုန်းက ကျန်းမာရေးသိပ်မကောင်းလို့၊ အချိန်တော်တော်များများ ဆေးရုံမှာပဲ နေခဲ့ရတယ်လေ"
"ဆေးရုံ" ထိုအချိန်က ယိကျစ် ဆေးရုံများကို မုန်းသည်ဟု ချီကျင့်ယွီ ပြောခဲ့သည်မှာ မဆန်းတော့ပေ၊ ဤသည်က အကြောင်းရင်းဖြစ်နေပေသည်။
"မေမေက ဘာလို့ဖေဖေ့ကို ယောင်္ကျားလို့ခေါ်တာလဲဟင်၊ရှောင်နော့ရော အဲ့လိုခေါ်လို့ရလား။"
ရွှီယိကျစ်၏ မျက်နှာက အနည်းငယ်တည်နေပြီး လင်ရှီးကို လှမ်းကြည့်လာသောအကြည့်များထဲ အပြုံးရိပ်များပါဝင်နေသည်။