Kiss Husband - 142
အပိုင်း (၁၄၂)
လင်ရှီး၏မျက်လုံးများက ဘုရားကျောင်းအပြင်သို့ ဝေ့ဝဲသွားသောအခါ သူမ ဆွဲဆောင်ခံလိုက်ရလေသည်။ ကြာရွက်ကြီးတစ်ရွက်ကို ခေါင်းပေါ်ကာကာ မိုးရေထဲလမ်းလျှောက်နေသော ဘုန်းကြီးလေးဖြစ်သည်။ သူ့၏ဘမီးခိုးရောင်ဝတ်စုံလေးက စိုရွှဲနေ၏။ ဧကန္တ သူက...သူမ ကလေးလေးများလား။
သူမမှာ ဝိဉာဉ်ထွက်သွားသည့်အလား လင်ရှီးမှာ ရုတ်တရက် မိုးရေထဲ ပြေးထွက်သွားတော့သည်။
"လင်...မိန်းမ။"
ရွှီယိကျစ်မှာ ဘာဖြစ်သွားမှန်းမသိဘဲ သူမနောက်သို့ ပြေးလိုက်သွားလေသည်။
"ကလေး။"
တုတ်တုတ်အစ်အစ်ဘုန်းကြီးလေးမှာ ခြေထောက်တိုတိုလေးများရှိ၍ ခပ်နှေးနှေးသာ ပြေးနိုင်လေသည်။ "အမျိုးသမီး"တစ်ယောက်က သူ့နောက်လိုက်လာမှန်း မြင်သောအခါ သူ့စိတ်ထဲ ညည်းတွားမိသည်။ ငါ ဒီလောက်ညစ်ပတ်နေတာကို၊ ငါ့လာကြိုက်တဲ့ မိန်းမလည်း ရှိသေးတာလား။ သူ ပိုမြန်မြန်မပြေးမိဘဲ မနေနိုင်။
လင်ရှီးက ခြံဝန်းသေးသေးလေးတစ်ခုထဲအထိတိုင် သူ့နောက် လိုက်လာပြီး ရွှီယိကျစ်လည်း လိုက်မှီလာခဲ့သည်။
ရှောင်ဖန့်က ခြံဝန်းထဲဝင်သည်နှင့် အော်လေတော့သည်။
"ရှစ်ဖူ၊ ရှစ်ဖူ! မိန်းမတစ်ယောက်က သားနောက်လိုက်လာတယ်!!"
မီးခိုးရောင်ဝတ်စုံနှင့် ငယ်ရွယ်သောဘုန်းကြီးတစ်ပါးက တံခါးဖွင့်လျက်ထွက်လာသည်။
"အောမိထောဖော၊ ဒကာလေးနဲ့ ဒကာမတို့ ဒါဘာလုပ်နေကြတာလဲမသိဘူး။"
လင်ရှီးမှာ ဘုန်းကြီးလေးက သူမရှေ့ကနေ ပြေးသွားသည်ကို မြင်လိုက်ရသည်။
"တပည့်တော်မတို့ အိမ်ထဲဝင်ပြီးပြောလို့ရမလား။"
အိမ်ထဲတွင်။
လင်ရှီးနေကာမျက်မှန်ချွတ်လိုက်သည်။
"နှောင့်ယှက်ရတာ အားနာပါတယ်၊ ဒါပေမယ့် ဒီကလေးက ဒီနှစ် လေးနှစ်ခွဲရှိပြီမဟုတ်လားဘုရား။"