Chapter 180

994 74 1
                                    

Kiss Husband - 180

အပိုင်း (၁၈၀)

"ယောင်္ကျား၊ မြန်မြန်ထတော့၊ မဟုတ်ရင် နောက်ကျလိမ့်မယ်။"

ရွှီယိကျစ်က ဖြည်းဖြည်းချင်း လက်ဆန့်ထုတ်ကာ သူမမျက်နှာလေးကို ဖျစ်ညစ်လိုက်သည်။

"ဘာလဲ။"

လင်ရှီးအသံထွက်လာသည်နှင့် ရွှီယိကျစ်က လက်ကို အမြန်ပြန်ရုတ်လိုက်ပြီး ဘာမှမဖြစ်ချင်ယောင်ဆောင်ကာ အိပ်ရာထဲမှ ထွက်လိုက်သည်။

စားပွဲပေါ်ရှိဖုန်းကို ယူကာ သူ ချီကျင့်ယွီထံ ဖုန်းခေါ်လိုက်၏။

"ဒီနေ့တစ်ရက်တော့ ကုမ္ပဏီကို မင်းဆီလွှဲခဲ့မယ်။"

"အာ? ဘော့စ် ခင်ဗျား ဒီနေ့ကုမ္ပဏီမလာဘူးလား။"

"အင်း၊ အရေးကြီးစာရွက်စာတမ်းတွေကလွဲလို့ ကျန်တာ မင်းကိုင်တွယ်လိုက်။"

သူ ဖုန်းချလိုက်သည်ကိုမြင်လျှင် သူမ မေးလိုက်၏။

"ရှင် ဒီနေ့ဘာလို့ကုမ္ပဏီမသွားတော့တာတုန်း။"

ရွှီယိကျစ်၏မျက်လုံးများက ရုတ်တရက်လေးနက်သွားပြီး။

"မင်းရဲ့ 'နောက်တစ်ကြိမ်'ကို စောင့်နေတာလေ။"

"ဖွီး__ဖွီး__"

လင်ရှီး သူ့ကို ကြောင်ကြောင်အအလေးကြည့်နေပြီး 'ကျွန်မ မနက်စာသွားပြင်လိုက်ဦးမယ်'ဟု စကားတစ်ခွန်းသာချန်ခဲ့ကာ လှစ်ခနဲ အပြေးထွက်သွားတော့သည်။

ရွှီယိကျစ်၏နှုတ်ခမ်းစွန်းများက အညှာအတာမဲ့စွာ မြင့်တက်သွားပြီး တစ်ခါတလေ ကောင်မလေးကို စနောက်ရသည်မှာ အင်မတန်ကောင်းကြောင်း တွေးနေမိသည်။ မနေ့ညက သူမကို ဘယ်သူက အဲဒီလောက်ဂနာမငြိမ်ဖြစ်ခိုင်းလို့ သူစိတ်ဆိုးသွားရတာတဲ့လဲ။

အော်မုန့်ရွှယ်မှာ စိတ်ကျေနပ်နေသောအပြုံးဖြင့် ကိုယ်ဝန်ရှိကြောင်း ဆေးစစ်ချက်စာရွက်ကို ကိုင်လျက် မှန်ရှေ့တွင် ပြောနေသည်။

"လင်ရှီး နင်မထင်ထားလောက်ဘူး၊ ငါ ကိုယ်ဝန်ရှိနေပြီ၊ ကျားယန်ကောနဲ့ရတဲ့ကိုယ်ဝန် ရှိနေပြီလေ၊ နင် ချီကျားယန်ကို မချစ်တော့ဘူး ပြောခဲ့တာမဟုတ်လား၊ အခု ငါ ကြည့်ကြည့်ချင်သေးရဲ့..."

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now