Kiss Husband - 114
အပိုင်း (၁၁၄) ပရော်ဖက်ရှင်နယ်ဆန်မှုအဆင့်။
စတူဒီယိုထဲတွင်။
လင်ရှီး၏လှုပ်ရှားမှုတိုင်းက တိကျ၏။ တချို့ပုံများက လန်းဆန်းနုပျိုကာ ချစ်စရာကောင်း၏၊ တချို့က ဆွဲဆောင်မှုရှိကာ ကျော့ရှင်းသည်၊ တချို့ကတော့ ရိုးရိုးလေးပင် လှနေသည်။ ဓာတ်ပုံဆရာက တစ်ဝက်ပြီးနေပြီဖြစ်သော ဓာတ်ပုံများကို ကြည့်ကာ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်းဖြင့်။
"သိပ်ကောင်းတယ်၊ ပြန်ပြင်စရာတောင် မလိုတော့ဘူး။"
ဘေးရှိဝန်ထမ်းများက လင်ရှီး၏ ရှုတင်ကို တိတ်တဆိတ်သာ ကြည့်နေကြပြီး တစ်ယောက်ချင်းစီတိုင်းက မိမိတို့၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားကြလေသည်။
"တကယ့်လူအစစ်က အရင်ကပုံတွေထက် ပိုလှနေမယ် မထင်ထားဘူး။"
"သူက တချို့မော်ဒယ်တွေထက်တောင် ပရော်ဖက်ရှင်နယ်ဆန်သေးတယ်၊ တို့မဂ္ဂဇင်းရောင်းအားတော့ သေချာပေါက် ထိုးတက်သွားတော့မှာပဲ!"
"အရမ်းလှတာပဲ၊ လက်မှတ်နဲ့ဓာတ်ပုံလေးတစ်ပုံလောက် လိုချင်လိုက်တာ!"
ဖြန့်ချီရေးဒါရိုက်တာက ဖြတ်ကျော်သွားသောအခါ သူတို့စကားများကို ကြားသွားပြီး လက်စသတ်တော့ လင်ရှီးက အထဲတွင် ဓာတ်ပုံစရိုက်နေပြီပင်။
နာရီဝက်ကျော်မျှစောင့်ပြီးနောက်မှာတော့ လင်ရှီး ထွက်လာခဲ့ပြီဖြစ်သည်။ ဖြန့်ချီရေးဒါရိုက်တာက ချက်ချင်းပင် အပြုံးမျက်နှာတစ်ခု တပ်ဆင်လိုက်၍ သူမရှေ့ မသိမသာကိုင်းညွှတ်လိုက်ပြီး။
"မဂ်လာပါ မစ္စလင်ရှီး၊ ကျွန်တော်က "Entertainment Express" ရဲ့ ဖြန့်ချီရေးဒါရိုက်တာပါ။ အချိန်ဇယားတွေ ကြပ်နေတဲ့ကြားက ကျွန်တော်တို့ အပတ်စဉ်ထုတ်မဂ္ဂဇင်းမျက်နှာဖုံး လာရိုက်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော်တို့ အင်တာဗျူးလေး လုပ်လို့ရမလား။"
ဖြန့်ချီရေးဒါရိုက်တာ? ခုနလေးက သူမ မတော်တဆ တစ်စုံတစ်ခု ကြားမိခဲ့၍ လင်ရှီးမသိမသာမျက်ခုံးများကြုံ့မိသွားသည်။ ဒီဖြန့်ချီရေးဒါရိုက်တာက သူမအမေကို အလုပ်ထွက်ဖို့ ဖိအားပေးခဲ့သည်ကိုး။