Kiss Husband - 149
အပိုင်း (၁၄၉)
မိန်းကလေးတစ်ယောက်က တက်စီတစ်စီးငှား၍တက်လိုက်သောအခါ ကားထဲတွင် ကင်မရာတစ်လုံးတပ်ထားသည်ကို တွေ့လိုက်ရသည်။
"ကားဆရာ အခုက ကားထဲကင်မရာတွေ တပ်ထားကြတာလား။"
"ဒရိုက်ဘာ"က အသံနိမ့်နိမ့်ဖြင့်ပြောသည်။
"တချို့က ဆင်ထားကြတယ်လေ၊ လုံခြုံရေးအတွက်ပေါ့။"
မိန်းကလေး၏ ဒရိုက်ဘာ၏ ဘေးစောင်းမျက်နှာကို ကြည့်လိုက်သည်၊ သူမ ကြည့်လေလေ ထိုသူက နာမည်ကြီးတစ်ယောက်နှင့် တူလေလေဖြစ်သည်၊ သူ့အသံကပင် တူနေ၏။
"ဘုရားရေ ရှင်က 'ရှော့မင်'ပဲ၊ တကယ်ကြီး 'ရှော့မင်' မို့လား။"
အမျိုးသမီးပရိတ်သက်လေးက သူ့ကို သတိထားမိသွားလေသည်။ တက်စီစီးရင် သူမ idol နှင့် တွေ့ရမည်ဟုမထင်ထားမိချေ။ သူမ ယခင်ဘဝက ကုသိုလ်တွေဘယ်လောက်များ လုပ်ထားခဲ့ပါလိမ့်။
အမှန်ပင်၊ ခုနက လင်ရှီး လေဆိပ်မှငှားစီးလာသော တက်စီ၏ ဒရိုက်ဘာမှာ လက်ရှိ ရေပန်းစားနေသော 'ရှော့မင်'ပင်ဖြစ်၏။
သူက ပြည်မကြီးရှိ ကျော်ကြားသော အမျိုးသား အဆိုတော်သရုပ်တောင် ဖြစ်လေသည်။
'ရှော့မင်'၏မျက်နှာမှာ အနည်းငယ်ရှက်ရွံ့သွားပုံပေါ်ပြီး ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်တော်တို့က အခု 'မင်းဘေးနားက idol' အစီအစဉ် ရိုက်နေတာပါ၊ ကျွန်တော်ကတော့ အခု ဒရိုက်ဘာနေရာ သရုပ်ဆောင်နေတာပေါ့။"
အမျိုးသမီးပရိတ်သက်လေးမှာ ပျော်လွန်း၍ မေ့လဲတော့မည့်အလား။ သို့သော် 'ရှော့မင်'မှာတော့ ခုနကလေး ခရီးသည်၏ တုံ့ပြန်မှုကို မသိစိတ်မှ ပြန်အမှတ်ရမိသွားသည်။
(ရှော့မင် - အရုဏ်ဦး လို့အဓိပ္ပာယ်ရပါတယ်)
ငါးကန်ဘေး ဆောင့်ကြောင့်ထိုင်နေကြသော လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ကိုကြည့်ရင်း သူတို့ မမောကြသေးသည်ကို မြင်လျှင် ချီကျင့်ယွီ သက်ပြင်းချမိပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။