Chapter 123

1.6K 108 1
                                    

Kiss Husband - 123

အပိုင်း (၁၂၃) မင်းသာဆိုရင်ပေါ့။

ရွှီယိကျစ် မသိမသာကြောင်သွား၏။ "အင်း၊ မင်းဝယ်ပေးတာပါ။"

"ဟုတ်ပြီ၊ ကျွန်မ နောက်မှ ပထမထပ်သွားပြီး ဖိနပ်သွားကြည့်ဦးမယ်။"

သူ့နှလုံးသားမှာ နေရောင်၏ ခပ်တင်းတင်းရစ်ပတ်ထားခံရသည့်နှယ်၊ နွေးထွေးသောအပူချိန်က တက်လာပြီး ရေပေါ်တွင် ရေညှိဖတ်ကလေးများ မျောနေကာ အစိမ်းပုပ်ရောင်အတွင်းမှာ ရွှေရောင်အလင်းသေးသေးကလေး ရှိနေသည်။

နေကာမျက်မှန်ဖြင့် ကာထားသော လင်ရှီး၏မျက်လုံးများမှာ ပိစိကလေးပြောင်းလဲသွားပြီး သူ့လက်မောင်းကို ထပ်ချိတ်ကာ ဈေးဝယ်လမ်းညွှန်လေးကို ကြည့်လိုက်သည်။

"ဒီအဝတ်အစားတွေ ထည့်ပေးပါနော်၊ ကျေးဇူးပါ။"

"ဟုတ်ကဲ့ပါ မစ္စ၊ ဟိုဖက်က ကောင်တာမှာ ငွေချေပေးပါ။"

လင်ရှီးက ရွှီယိကျစ်၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ချိတ်တွယ်ထားပြီး သူမ ပိုင်ဆိုင်ခြင်းကို ပြကာ ငွေ‌ရှင်းကောင်တာဆီ လျှောက်သွားသည်။ သူမ ဖုန်းနှင့်  ငွေပေးချေရန် QR code ကို စကန်န်ဖတ်တော့မည့်အချိနိတွင် ရွှီယိကျစ်က black card လှမ်းပေးလိုက်သည်ကို မြင်လိုက်ရသည်။

သူ လင်ရှီးကို မပြောခဲ့သည်မှာ ဒီ ISOU မောလ်ကလည်း ရွှီအုပ်စု၏ လက်အောက်ခံလုပ်ငန်းတစ်ခုဖြစ်ကြောင်းကိုပင်။

"ဒီကတ်နဲ့ဖြတ်လိုက်။"

"မလုပ်ပါနဲ့၊ ခုဆို ဖုန်းနဲ့ငွေချေရတာ ပိုအဆင်ပြေလာပြီ၊ ကြည့်ပါလား ပြီးသွားပြီ။"

လင်ရှီးက ဂုဏ်ယူစွာဖြင့် နှုတ်ခမ်းထောင့်စွန်းများ ပင့်တင်လိုက်ကာ သူမနှုတ်ခမ်းများကို ထိုအမျိုးသား၏ နားနားသို့ ကပ်လိုက်သည်။ "ဂရုစိုက်ခံရတဲ့ခံစားချက်လေး မရဘူးလား။"

ရွှီယိကျစ်က ရယ်လိုက်ပြီး။ "ကိုယ်သိပ်မကြိုက်ပေးမယ့်လည်း မင်းသာဆိုရင်တော့ လက်ခံနိုင်ပါတယ်။"

သူ့လက်မောင်းကိုချိတ်ထားသော လင်ရှီး၏လက်ကို အောက်သို့ဆွဲချကာ သူ့လက်ဖဝါးထဲ ဆုပ်ကိုင်ထားလိုက်သည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now