Chapter 128

1.6K 105 1
                                    

Kiss Husband - 128

အပိုင်း (၁၂၈) ကိုယ်က မင်းအပိုင်။

ချီကျားယန်၏အမြင်တွင် သူမက သူကို ပိုနက်ရှိုင်းစွာမုန်းလေလေ၊ လင်ရှီးရင်ထဲ သူရှိနေသေးကြောင်း ပို၍သေချာလေလေ ဖြစ်တော့သည်။

"ချီကျားယန် ကျွန်မ နောက်ဆုံးအကြိမ်သတိပေးလိုက်မယ်၊ ကျွန်မ ရှင့်ကို ထပ်မမြင်ရစေနဲ့၊ မဟုတ်လို့ကတော့ ကျွန်မ ဆိုးရွားတာတစ်ခုခု မလုပ်ဘူးလို့ အာမမခံနိုင်ဘူး။"

လင်ရှီးက လော့ခ်ချထားသောတံခါးကို ဖွင့်လိုက်လျှင် တံခါးအပြင်တွင် ရွှီယိကျစ် ရပ်နေသည်ကို မြင်လိုက်ရလေသည်။

သူ အဲဒီမှာရပ်နေတာ ဘယ်လောက်ကြာပြီလဲ၊ ဘယ်လောက်များ ကြားသွားခဲ့လဲ။

သူမစိတ်ထဲ သံသယများဝင်လာပြီး ခြေထောက်ပင် မရွေ့နိုင်တော့ပေ။

ထိုအချိန်တွင် ချီကျားယန်က အသည်းအသန်ဖြင့် လင်ရှီး၏လက်ကိုလှမ်းဆွဲလိုက်သည်။

"လင်ရှီး ကိုယ့်နှလုံးသားထဲ မင်းပဲရှိတာပါ၊ မင်း ကိုယ့်ကိုယုံရမယ်နော်။"

အကြောင်းရင်းတချို့ကြောင့် လင်ရှီး အနည်းငယ်ပျာယာခတ်သွားပြီး ရွှီယိကျစ် တစ်ခုခုကို အထင်လွဲသွားမည်ကို စိုးရိမ်၍ ရွံ့ရှာစွာဖြင့် ချီကျားယန်၏လက်ကို အမြန်ဖယ်ထုတ်ကာ ရွှီယိကျစ်ကို ချက်ချင်း ရှင်းပြလေသည်။

"ယောင်္ကျား၊ ရှင်မြင်သလို မဟုတ်ပါဘူး။"

ချီကျားယန်လည်း တောင့်ခဲသွားကာ နောက်ကျောတွင် ချွေးအေးများသီးလာတော့သည်။ သူခုနကပြောခဲ့တာတွေ ဒီလူမကြားသွားလောက်ပါဘူးနော်?

လင်ရှီးက ဒေါသထွက်စွာဖြင့် ဆံပင်ကိုခါလိုက်သည်၊ အဲဒီစကားတွေ ဘယ်သူကယုံမှာမို့လဲ။

မထင်မှတ်ထားစွာပင် ရွှီယိကျစ်က တုံ့ပြန်လာသည်။

"အင်း ကိုယ်သိပါတယ်။"

လင်ရှီးမျက်လုံးများဝိုင်းသွားသည်၊ သူ ဘာကိုသိသွားတာတုန်း။

သူမ၏ အံ့အားသင့်နေသောမျက်လုံးများကိုကြည့်ကာ ရွှီယိကျစ်က ချီကျားယန်ကို တစ်ချက်လှမ်းကြည့်လိုက်၍ ထိုလူ ကြက်သေသေနေတုန်းမှာ သူ လင်ရှီး၏ ပခုံးများကိုကိုင်ကာ ခေါင်းငုံ့ပြီး လင်ရှီး၏ ချယ်ရီရောင်နှုတ်ခမ်းလေးများကို နမ်းရှိုက်လိုက်လေသည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now