Chapter 113

2.7K 211 4
                                    


Kiss Husband - 113

အပိုင်း (၁၁၃) လေးစားဖွယ်‌ဝန်ဆောင်မှု။

မုန့်ရှင်းယန်မှာ လင်ရှီးက အတည်ပြုရန်အတွက်သာ နာမည်မေးသည်ဟု ထင်လိုက်သည်။

"အပတ်စဉ်ထုတ် Entertainment Express လေ။"

"Entertainment Express လား? ကျွန်မ မှတ်မိတယ်၊ အရင်က ကျွန်မ သူတို့ကမ်းလှမ်းချက်ကို ငြင်းဖူးတယ်၊ အမေ ဘာလို့ "Fashion" ကို ပြန်မသွားတာလဲ။"

"ဘယ်နေရာဖြစ်ဖြစ် အတူတူပဲလေ။"

ဖြန့်ချီရေးဒါရိုက်တာ ပြောခဲ့သည်ကို တွေးမိလျှင် မုန့်ရှင်းယန် ပါးစပ်ဟဖို့ရန် ခက်ခဲနေသေးသည်။ ရှီးအာက ကမ်းလှမ်းချက်ကို ငြင်းခဲ့ခြင်းဖြစ်၏။ သူမတွင်လည်း အစီအစဉ်များ ရှိလောက်ပေမည်။ အလုပ်အတွက်ကြောင့်နှင့် ရှီးအာ မလုပ်ချင်သောကိစ္စများ လုပ်ခိုင်းရလျှင် မိမိသည် အမေတစ်ယောက်ဖြစ်ရန် ထိုက်တန်တော့မည်မဟုတ်ပေ။

သူမ လင်ရှီးအား ဖိအားပေး၍ ရွှီယိကျစ်နှင့် လက်ထပ်ခိုင်းခဲ့ချိန်က ကူကယ်ရာမဲ့နေ၍သာဖြစ်သည်၊ ထိုသို့ကိစ္စမျိုး ထပ်ဖြစ်စေရမည်မဟုတ်။

အမေစိတ်ထဲ တစ်ခုခုတွေးမိသွားပုံပေါ်သည်ကို လင်ရှီးသတိထားမိသွား၏။ " အမေ၊ အခက်အခဲတွေဘာတွေရှိရင် ကျွန်မကို ပြောရမယ်နော်။"

မုန့်ရှင်းယန် ခပ်ဖွဖွခေါင်းညိမ့်သည်၊ ယခု သူမသမီးက တကယ်သိတတ်လာလေပြီ၊ မိမိက ထိုမိန်းမ၏ မျက်နှာအစစ်ကို ဖော်ထုတ်နိုင်ရန် အလုပ်ကြိုးစားမှဖြစ်မည်။

"ဘာ? ခင်ဗျားက သိပ်အရည်အချင်းရှိနေတာ မဟုတ်ဘူးလား၊ တစ်နေ့တည်းနဲ့တောင် ဘာလို့မလုပ်နိုင်ရတော့တာလဲ။"

"ကျွန်မတောင်းပန်ပါတယ် ဒါရိုက်တာ ၊အလုပ်ကိစ္စ ‌မအောင်မြင်နိုင်ခဲ့ဘူး၊ မပူပါနဲ့၊ ကျွန်မ အယ်ဒီတာချုပ်ဆီသွားပြီး ထွက်စာတင်လိုက်ပါ့မယ်။"

ဖြန့်ချီရေးဒါရိုက်တာ၏မျက်နှာမှာ လှောင်ပြောင်ခနဲ့ရိပ်များ ပြည့်နေလျက်၊ "Fashion" ၏ အယ်ဒီတာချုပ်ဟောင်းက သရုပ်ဆောင်သေးသေးလေးတစ်ယောက်ကိုပင် မကိုင်တွယ်နိုင်ဟု တွေးနေ၏။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now