Kiss Husband - 104
အပိုင်း (၁၀၄) သေပြီ။
လင်ရှီးက ခွက်ကိုကိုင်ထားသည်၊ သို့သော် မုန့်ကျင်းယွဲ့က ရုတ်တရက်ရှေ့တိုးလာပြီး မျက်လုံးထဲ မူးယစ်ရီဝေနေစွာဖြင့် ပြုံးလျက်ပြောလေသည်။
"ထျန်းချီ ရှင်သိလား၊ ရှင်နဲ့ တခြား ယောင်္ကျားတွေ...ယောင်္ကျားတွေက မတူဘူး၊ သူတို့ကျွန်မကိုကြည့်တဲ့ပုံက...ဟိုလိုစိတ်ဆန္ဒတွေနဲ့၊ ရှင့်အကြည့်တွေကတော့...မတူဘူး၊ နည်းနည်းထူးဆန်းပေမယ့်...ကျွန်မ တကယ်ကြီး ရင်ထဲထိသွားတဲ့ပုံပဲ။"
ထိုသို့ဖြစ်နေသော သူမကို ကြည့်ရသည်မှာ မူးနေလွန်း၍ မည်သည့်တန်ဖိုးရှိသောစကားမှ မပြောနိုင်တော့သကဲ့သို့ပင်။
လင်ရှီးနှုတ်ခမ်းများက ခပ်ပါးပါးကော့တက်သွားသည်။ သူမ မူးနေလွန်း၍ လင်ရှီး၏လက်မောင်းများတွင်းသို့ပင် ကျလာလေသည်။
သို့သော် သူမမသိသည်ကတော့ မုန့်ကျင်းယွဲ့၏ အယ်လ်ကိုဟောလ်ခံနိုင်ရည်က အလွန်ကောင်းကြောင်းကိုပင်။ သူမက အရက်မူးခြင်းကို ကာဗာယူလျက် သူမ ပုံရိပ်နှင့်မသင့်လျော်သောစကားများကို ပြောခြင်းပင်ဖြစ်သည်။
'သူ'သာ လက်ခံလိုက်လျှင် သူမ လိုချင်သည်ကို ရနိုင်လိမ့်မည်၊ ၎င်းက 'သူ့'ချစ်သူကောင်မလေး ဖြစ်လာဖို့ပင်။ သို့သော် 'သူ'ငြင်းလိုက်လျှင်မူ သူမ မူးသွား၍ မမှတ်မိတော့သယောင်ဆောင်နိုင်သည်။
"ထျန်းချီ၊ ရှင်...ရှင့်မှာ ကောင်မလေးရှိလား။"
လင်ရှီးက တံခါးကိုသာစိုက်ကြည့်နေရင်းဖြင့် စကားသုံးလုံးပြောလိုက်သည်။ "မရှိဘူး။"
"ဟီးဟီး ရှင့်မှာ ကောင်မလေးမရှိဘူး၊ ကျွန်မမှာလည်း ကောင်လေးမရှိဘူး၊ ကျွန်မတို့က တကယ်...လိုက်ဖက်တာပဲ! ရှင်...ရှင် ကျွန်မကောင်လေး လုပ်ပါလား၊ ဒါမှမဟုတ် ကျွန်မက ရှင့်ကောင်မလေး လုပ်မယ်လေ။"
လင်ရှီး သူမကို ကြည့်လိုက်သည်။ သူမမှာ ဇာတ်ညွှန်းအတိုင်း လိုက်လုပ်၍သာ 'ငါး'ကို အမိဖမ်းချင်ခဲ့ခြင်းဖြစ်သည်။ ထို'ငါး'မှာ သူမ ထင်ထားသည်ထက် ပို၍လွယ်ကူစွာ ငါးစာကိုဟပ်လာလိမ့်မည်ဟု မမျှော်လင့်ထားပါချေ။