Chapter 101

2.2K 166 1
                                    

Kiss Husband - 101

အပိုင်း (၁၀၁) ဒီလူက မိုက်တယ်။

ကော်ဖီဆိုင်ထဲတွင်။

ထိုအမျိုးသမီးဖြစ်ကြောင်း အတည်ပြုလိုက်သည်။

လင်ရှီး၏ နဂို ၁၆၅ စင်တီမီတာ အရပ်ကို ဖိနပ်တွင်းမှအခုများဖြင့်ထပ်ပေါင်းလိုက်သော် သူမကို အရပ်ပိုမြင့်သွား‌သလို ထင်ရစေသည်။ သူမ လည်ချောင်းရှင်းလိုက်ကာ လက်ကိုဘောင်းဘီအိတ်ကပ်ထဲ ထည့်၍ လျှောက်သွားလေသည်။

သူမကို တိုက်ရိုက်စကားသွားပြောလို့တော့မရ...ပထမဆုံးအနေဖြင့် လင်ရှီး ဖြတ်လျှောက်သွားသည်နှင့်မျှ မိမိ ချိုမြိန်ကာလန်းဆန်းသော ရေမွှေးနံ့ဖြင့် ဖြတ်ခနဲမွှေးသွားစေလိုက်သည်။

သေချာပေါက်ပင်၊ 'သူ'ဖြတ်သွားလိုက်သောအခါ ထိုမိန်းကလေးက မော့ကြည့်လာသည်။ ခုနလေးက ဖြတ်သွားတဲ့ကောင်လေးက သိပ်မွှေးတာပဲ!

ထို့နောက် သူမ အလွယ်တကူမြင်နိုင်သောနေရာတွင် ထိုင်ကာ လင်ရှီးက အမေရိကာနိုတစ်ခွက်မှာလိုက်ပြီး ဖုန်းခေါ်ကာ သူဌေးတစ်ယောက်လိုလေသံမျိုးဖြင့် ပြောလိုက်သည်။

"ဟုတ်တယ် ဘီလီယံ ၃၀၊ အဲ့အင်တာတိန်းမန့်ကုမ္ပဏီကိုသေချာပေါက် ဖြုတ်ချလိုက်၊ သူတို့က တောင်းဆိုနေတာပဲလေ၊ ပြီးတော့ နောက်အပတ်ကျရင် စတားအင်တာတိန်းမန့်က တစ်ယောက်ယောက်က စာချုပ်ကိစ္စ လာပြောလိမ့်မယ်၊ ဈေးကိုမြှင့်ထားပါစေ။"

ထိုမိန်းကလေး၏မျက်လုံးထဲ စိတ်ဝင်စားမှုများ ပြင်းထန်လာတော့သည်။ လက်စသတ်တော့ သူက အင်တာတိန်းမန့်ကုမ္ပဏီတစ်ခု ထောင်ချင်နေတာပဲ!

လင်ရှီး ဖုန်းချလိုက်သည်။ သူမ ငါးစာအများကြီး ချခဲ့ပြီးပြီဖြစ်၍ အတည်အတန့်ဆောင်ရွက်ရမည့်အချိန် ရောက်လေပြီ။

စားပွဲပေါ်မှ ကော်ဖီခွက်ကိုကောက်ကိုင်လိုက်ပြီး။

"ဒေါက်__ဒေါက်__" (ဖိနပ်နဲ့ကြမ်းပြင်ထိတဲ့အသံပါ)

သူမ ထိုကောင်မလေးနား ဖြတ်သွားလျှင် ခြေချော်လိုက်ကာ လက်ထဲရှိ ကော်ဖီကို မှောက်ချလိုက်လေသည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now