Kiss Husband - 135
အပိုင်း (၁၃၅) ဘုန်းကြီးတွေက မလိမ်ဘူး!!
သူ့ဆရာမျက်နှာက လေးနက်နေသည်ကို မြင်သောအခါ ချစ်စရာကတုံးပြောင်လေးမှာ သူ့ဆရာ၏စကားများကို တကယ်ကြီးယုံကြည်သွားတော့သည်၊ ထိုကလေးလေးမှာ အနည်းငယ်တုန်ယင်သွားပြီး သူ့ဆရာ၏ခြေထောက်ကို တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားလိုက်၏။
"ရှောင်နော့ ကြောက်တယ်၊ ရှောင်နော့ ဘယ်မိန်းမကိုမှ မတွေ့ချင်ဘူး!!"
ဘုန်းကြီးအိုကြီးက စိတ်အေးလက်အေးဖြင့် ခေါင်းငြိမ့်လိုက်သည်။
"ကောင်းတယ်၊ ကောင်းတယ်။"
သူ တစ်ယောက်တည်းအားဖြင့် ကလေးကို ပျိုးထောင်ခဲ့ကာ ကိုယ်ခံပညာနှင့်ကွန်ဖူးပညာတို့ သင်ကြားပေးခဲ့သည်၊ ကိုယ်ကျင့်တရား၊ တရားမျှတဖြောင့်မတ်မှု၊ ကျင့်ဝတ်နှင့် လူများ၊ သစ်ပင်များကိုလည်း ခွဲခြားသိနိုင်အောင် သင်ကြားပေးခဲ့သည်။
"စကားမစပ် ရှစ်ဖူ၊ အမေဆိုတာ ဘာလဲဟင်။"
ရှောင်နော့၏ မသိနားမလည်သော မျက်လုံးလေးများကိုကြည့်ကာ ဘုန်းကြီးအိုကြီး၏စိတ်ထဲ အနည်းငယ်သုန်မှုန်သွားသည်။
"အဲဒါဘယ်ကကြားလာတာလဲ။"
"ရှောင်ဖန့်ပြောတာ။"
ရှောင်နော့၏ပါးစပ်မှ "ရှောင်ဖန့်"ဟု ပြောလာသည်ကို ထပ်ကြားရသောအခါ ဘုန်ကြီးအိုကြီးမှာ မကျေမနပ်ဖြစ်သွားသည်။
"ရှောင်နော့၊ မင်း တရားကျင့်ကြံတဲ့နေရာမှာပဲ စိတ်နှစ်ထားရမယ်နော်၊ မင်း ခုနစ်နှစ်ပြည့်တဲ့အခါ သာမဏေတစ်ပါး ဖြစ်လာမှာ၊ အဲဒီအခါကျ ရှောင်ဖန့်နဲ့ ထပ်ကစားလို့မရတော့ဘူး။"
ကတုံးပြောင်ကလေးလေးက လိမ်လိမ်မာမာဖြင့် ခေါင်းညိမ့်လိုက်သည်။ "သား ရှစ်ဖူရဲ့သင်ကြားမှုကို နာခံပါ့မယ်။"
ဘုန်းကြီးအိုကြီးက မျက်လုံးများမှိတ်ထားရင်းဖြင့်။
"အမေဆိုတာမျိုးက အဆိပ်ပဲ၊ ကျားထက်တောင် ကြောက်ဖို့ကောင်းသေးတယ်၊ ကျားတွေကတောင် ကိုယ့်ကလေးကိုယ်ပြန်မစားပေမယ့် သူကတော့ မတူဘူး၊ သူက ကိုယ့်ကလေးကိုတောင်မှ အလွတ်မပေးဘူး။"