Kiss Husband - 69
အပိုင်း (၆၉) ဝဋ်။
လမ်းပေါ်တွင် ဘယ်သူမှမရှိ။ ထို့ကြောင့် ထိုအမျိုးသားမှာ အနောက်လူက သူ့ကိုခေါ်နေခြင်းဖြစ်ကြောင်း သိလိုက်သည်။
သူလှည့်လိုက်သော် ထူးဆန်းသောအမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရ၏။ ညဘက်ကြီးတွင် mask တပ်ထားကာ ဦးထုပ်ဆောင်းထားသည်။ အမျိုးသားက ချက်ချင်း သတိကပ်လိုက်၏။
တစ်ချိန်တည်းမှာပဲ လင်ရှီးလည်း ထိုအမျိုးသားနှင့် ကောင်မလေးကို ကြည့်လိုက်သည်။ သူတို့အဝတ်အစားများမှာ ဒီကြွယ်ဝလှသောမြို့ကြီးနှင့် အမှန်ပင် ဆန့်ကျင်လို့နေလေသည်။
"ဘာလုပ်ဖို့လဲ။"
လင်ရှီးက ဖြည်းဖြည်းချင်း ကောင်မလေးဆီလျှောက်သွားကာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
"ကလေးလေး မင်းမေမေကို မွေးနေ့လက်ဆောင် ပေးချင်တာလား။"
ကောင်မလေး၏စိတ်မှာ အလွန်ရိုးရှင်းပေသည်၊ သူစိမ်းတရံများ၏ အန္တရာယ်ကို လုံးလုံးမသိ၊ သူမရှေ့ရှိ ထူးဆန်သောအန်တီကို ရွှန်းလဲ့နေသောမျက်လုံးလေးများဖြင့် ကြည့်ကာ ခပ်ဖွဖွ ခေါင်းညိမ့်လိုက်၏။
"အွန်း။"
"အတော်ပဲ အန်တီ့မှာ သမီးအတွက် လက်ဆောင်လေးရှိတယ်၊ ဒီမှာ မေမေ့ကို ပေးလိုက်နော် ဟုတ်ပြီလား။"
သူမ ပြောရင်းဖြင့် အိတ်ကလေးကို ကောင်မလေးအား ပေးလိုက်သည်။
သူမ၏ ညင်သာသောအသံကို ကြားသောအခါ ထိုအမျိုးသားက သတိကိုလျော့လိုက်သည်။
"ခင်ဗျား ဘယ်သူလဲ၊ ဘာလို့ ကျွန်တော်တို့ကို လက်ဆောင်လာပေးရတာလဲ။"
လင်ရှီးမှာ ထိုအမျိုးသား၏လေသံအတွင်းရှိ တောင့်တင်းနေမှုကို ခံစားမိ၍ တစ်ခစ်စစ်ရယ်လိုက်ကာ။
"ဘာလို့လဲ၊ ရှင်တို့သားအဖနှစ်ယောက်ကို ပြန်ပေးဆွဲသွားမှာစိုးလို့လား။"
ထိုအမျိုးသမီး၏ ရယ်သံကိုကြားသောအခါ အမျိုးသား၏မျက်နှာက အနီရောင်သန်းသွားသည်။ အမှန်ပင်၊ သူ့လို ယောင်္ကျားရင့်မာကြီးက ဘာကြောက်စရာရှိလို့လဲ။