Chapter 20

3.9K 353 1
                                    

Kiss Husband - 20

အပိုင်း (၂၀) စုတ်ပြတ်နေသော ဟင်းချက်လက်ရာ။

ယခင်ဘဝက ယိကျစ်ထွက်သွားပြီးနောက် သူမ တစ်ကြိမ်ပြန်လာခဲ့သည်။ ခြံကို ဂရုစိုက်မည့်သူ မရှိတော့ဘဲ နူးညံ့သော ပန်းများမှာလည်း ညှိုးလျော်ကုန်ကြပြီး ရွှံ့နွံထဲပင် ကျကုန်ကြပြီ၊ သို့သော် မွှေးရနံ့များကတော့ ကြံ့ကြံ့ခံနေဆဲပါပေ။ စပျစ်နွယ်များပေါ် ဒန်းကလေး ရှိနေဆဲဖြစ်ပြီး ခြံကြီးကို စောင့်ရှောက်သူကဲ့သို့ သူ့ခြံဝန်းကို စောင့်ကြပ်နေခဲ့လေသည်။

မည်သို့ဆိုစေကာမူ သူမကတော့ သူရဲဘောကြောင်စွာ ထွက်ပြေးသွားခဲ့မိသည်။

"မမလေး(ရှောင်ကျဲ) ဘယ်လိုလုပ်ပြန်ရောက်လာတာလဲ။"

ကြားရက်များတွင် မမလေး(ဖူးရန်)က အခြားကိစ္စများရှိ၍ အိမ်သို့ပြန်လာခဲ၍ သူမ အနည်းငယ် ပဟေဠိဖြစ်သွားသည်။

(ရှောင်ကျဲ က ဒီတိုင်း မမလေးပါ၊၊ ဖူးရန်ကကျ သခင်မ လို့အဓိပ္ပာယ်ရပြီး အိမ်ထောင်ရှိအမျိုးသမီးတွေကို သုံးပါတယ်)

အထိန်းတော်ကျန်းက တံခါးဖွင့်လိုက်သော် ရွှီယိကျစ်ဖြစ်နေမည်ဟု မထင်ထားခဲ့ချေ။

"ဆရာ...ဆရာလည်းပြန်လာတာပဲ။"

အခန်းထဲရှိ အစေခံမလေးနှစ်ယောက်က ထိုအသံများ ကြားသောအခါ ချက်ချင်းရောက်လာကြသည်။

"ဆရာနဲ့ မမလေး(ရှောင်ကျဲ)တို့ မဂ်လာပါ။"

သူမရှေ့ရှိ အစေခံကဲ့သို့ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးကိုကြည့်ရင်း လင်ရှီး၏ရင်ထဲ အင်မတန်ချဉ်စူးလာခဲ့ရသည်။

သူမ ယခင်ဘဝတွင် ချီကျားယန်အိမ်မှာ ငွေတစ်ပြားမှပါမလာဘဲ မောင်းထုတ်ခံခဲ့ရပြီးနောက် နေရာတိုင်းတွင် အလုပ်လိုက်ရှာခဲ့သော်လည်း ထပ်ခါထပ်ခါ အငြင်းခံခဲ့ရသည်။ နောက်ဆုံးတွင်တော့ မော်ဒယ်လ်အလုပ် ‌ခဲ့သော်လည်း သူမခန္ဓာကိုယ်တွင် မလုံ့တလုံအဝတ်အစားများ ဝတ်ဖို့လိုအပ်ခဲ့၏။

သူမနှင့် ရွှီယိကျစ်တို့ ကွာရှင်းပြီးနောက် အထိန်းတော်ကျန်းကလည်း ဗီလာမှ ထွက်သွားခဲ့သည်။ သူမ အသည်းအသန်ဒုက္ခရောက်နေခဲ့ချိန်တွင် အထိန်းတော်ကျန်းနှင့် တွေ့ခဲ့ရ၏။ ထိုအိမ်တော်ထိန်းကြီးကသာ သူမကို ယွမ်ငါးဆယ် ပေးခဲ့၍ လင်ရှီး ဆယ်ရက်မျှ အသင့်စားခေါက်ဆွဲများ စားကာ ရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now