Kiss Husband - 49
အပိုင်း (၄၉) အကြွေးမုန်တိုင်း (၂)
မုန့်ရှင်းယန်၏လက်ချောင်းမှာ ဖုန်းနံပါတ်တစ်ခုအပေါ် ဝေ့ဝဲလို့နေသည်၊ 'အဖေ'ဟူသည့်စကားလုံး ရေးထားသော်လည်း ၎င်းကို မနှိပ်နိုင်။
ဒီနံပါတ်မှာ သူမဖုန်းအတွင်း ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း သူမတွင် ၎င်းကိုနှိပ်ရန်သတ္တိမရှိခဲ့ပေ။
အဖေ၊ ဒီလောက်နှစ်တွေအများကြီအတွင်း သမီး မသိတတ်ခဲ့တာပါ။
"ဟယ်လို အစ်မကျန်း ပိုက်ဆံနည်းနည်းချေးလို့ရမလား။"
"ဟယ်လို အယ်ဒီတာယန် ငွေ ၂ သိန်းခွဲလောက် ချေးလို့ရမလားရှင်။"
ဘယ်သူကမှ ချေးပေးလိုစိတ်မရှိခဲ့၊ တစ်ယောက်မှမရှိခဲ့ပေ။
တစ်ခဏမျှစဉ်းစားပြီးသော် သူမ စိတ်ရှုပ်ထွေးနေရင်ဖြင့် လင်ရှီး၏နံပါတ်ကို ခေါ်လိုက်ပါသည်။
"လင်ရှီးလောင်ရှစ်၊ စင်ပေါ်မှာ အခြေအနေလေးတစ်ခု ရှိနေလို့ ၁၀ မိနစ်လောက် နောက်ကျရပါလိမ့်မယ်။"
လင်ရှီးက မိတ်ကပ်ပြင်နေဆဲ။ "ဟုတ်ပြီ၊ ကျွန်မသိပါပြီ။"
ယိကျစ် ဒီနေ့တော့ အိမ်မှာ နောက် ၁၀မိနစ်မျှ ထပ်စောင့်ရတော့မည့်ပုံပေါ်သည်။
ထိုသို့တွေးနေစဉ် မိတ်ကပ်စားပွဲပေါ်ရှိ သူမဖုန်း မြည်လာ၏။
"ဟယ်လို? ဟယ်လို?"
တစ်ခဏအကြာတွင်လည်း တစ်ဖက်က တိတ်ဆိတ်နေဆဲ။
"မပြောရင် ဖုန်းချလိုက်တော့မယ်။"
"မ...မချပါနဲ့။" သူမ တကယ်ဖုန်းချလိုက်မည်ကိုစိုးရိမ်၍ မုန့်ရှင်းယန် အသံထွက်လာသည်။
ဒီအသံက...မိထွေးလား?
လင်ရှီး၏မျက်လုံးများ တောက်ပသွားသည်၊ နောက်ဆုံးတော့ သူမကို ဖုန်းဆက်ခဲ့ပြီ၊ သူမ မိတ်ကပ်ဆရာကို တစ်ခဏမျှ ထွက်ပေးရန် အချက်ပြလိုက်သည်။
"အမေ၊ အမေလား။"
မုန့်ရှင်းယန်မှာ သူမ ရည်ညွှန်းသော 'အမေ'က အမေအရင်းကို ပြောသည်ဟု ထင်၍ သူမ ချက်ချင်းငြင်းလိုက်သည်။