Kiss Husband - 24
အပိုင်း (၂၄) ငွေညှစ်ခြင်း။
စတားအင်တာတိန်းမန့်။
"ဥက္ကဌချီ၊ ဒါလက်ရှိအခြေအနေပါပဲ၊ လင်ရှီး လျေိာ်ကြေးပေးရမယ်လို့ ရှင်ထင်လား။"
ချီကျားယန်က အော်မုန့်ရွှယ်၏စကားကို နားထောင်ပြီးနောက် လက်များကို စားပွဲပေါ်သို့ ခပ်ဖွဖွခေါက်လျက်။
"ဒါကို ကုမ္ပဏီက တာဝန်ယူလိုက်မယ်၊ နောက်ကျ ငါလက်မှတ်ထိုးဖို့ စာရွက်စာတမ်းတွေ ယူလာခဲ့၊ ပြီးရင် အတည်ပြုဖို့အတွက် finance ဌာနကို သွားလိုက်။"
"ဟုတ်ပါပြီ ဥက္ကဌချီ၊ ဒါဖြင့် ကျွန်မ အလုပ်သွားလုပ်လိုက်ပါဦးမယ်။"
အော်မုန့်ရွှယ် လှည့်လိုက်သည့်အခိုက်တွင် သူမမျက်လုံးများ မှောင်ရိပ်သန်းသွားသည်၊ဒီလျော်ကြေးတွေကို လင်ရှီးကိုယ်တိုင် တာဝန်ခံရမယ်။
လက်ရှိတွင် ရွှီယိကျစ်က မဖြစ်နိုင်တော့၊ ထို့ကြောင့် ချီကျားယန် အဲဒီ'ရွှေသစ်ပင်ကြီး'ကို အရင် အမိအရဖမ်းထားရမယ်။
သူမ တံခါးဆီရောက်ကာနီးမှာ ချီကျားယန်က သူမကို တားလိုက်သည်။
"နေဦး။"
"ဥက္ကဌချီ တခြားကိစ္စရှိသေးလို့လား။"
"လင်ရှီး...သူ့စိတ်အခြေအနေ တည်ငြိမ်ရဲ့လား။"
အော်မုန့်ရွှယ်က ၎င်းကိုကြားသော် ပြုံးလိုက်သည်။
"ဥက္ကဌချီက စိတ်ထားနူးညံ့တာပဲ၊ လင်ရှီးက ရှင့်ကိုဒီလိုဆက်ဆံနေတာတောင် ရှင်ကသူ့ကို ဂရုစိုက်နေသေးတယ်၊ မပူပါနဲ့၊ ကျွန်မရှိနေတာမို့ သူ ဖြည်းဖြည်းချင်း မှတ်ဉာဏ်ပြန်ရလာမှာပါ၊ ဒါပေမယ့်..."
ချီကျားယန်မှာ သိချင်စိတ်ဖြင့်။
"ဒါပေမယ့် ဘာလဲ။"
"ဒါပေမယ့် လုပ်ရတာတော့ နည်းနည်းခက်မယ်၊ အခုလင်ရှီးက သူသဘောကျနေတဲ့လူက သူ့အမျိုးသားလို့ပဲ ထင်နေတာ၊ ကျွန်မဘာပြောပြော သူနားမထောင်ဘူး၊ သူ့စိတ်အတိုင်းပဲလုပ်တယ်၊ ဪ ဟုတ်သား၊ ဒီနေ့ သူ သူ့အမျိုးသားကို ' ယောင်္ကျား'လို့ခေါ်လိုက်တာ ကျွန်မ ကြားခဲ့တယ်! ရွှီယိကျစ်က အဲ့လိုလူဖြစ်နေမယ်လို့ ကျွန်မ မထင်ထားဘူး၊ လင်ရှီးက သူ့ကိုမုန်းတာ သူသိနေတာတောင် မှတ်ဉာဏ်ပျောက်သွားတာကို အခွင့်ကောင်းယူနေတယ်။"