Chapter 150

1.5K 126 1
                                    

Kiss Husband - 150

အပိုင်း (၁၅၀)

ရွှီယိကျစ် ဘာကိုမှ ထပ်ဂရုမစိုက်နိုင်တော့၊ သူမ ဒီနေ့ ဘာကြောင့် ဒီလောက်တက်ကြွနေရသလဲကိုလည်း စဉ်းစားမနေတော့ပေ။ သူ့ရှည်လျားသောလက်တံများကို ဆန့်ထုတ်လိုက်၍ လင်ရှီး၏ ခေါင်းနောက်ကို ဖိချကာ သူမအား စတင်နမ်းရှိုကိလေတော့သည်။

လင်ရှီး လန့်သွားပြီး ရုန်းထွက်မလိုလုပ်လိုက်သည်။

သူတို့နှစ်ယောက်တည်းဆို အဆင်ပြေပေမယ့် တခြားသူရှိနေသေးတယ်လေ!

သို့သော် ရွှီယိကျစ်၏ခွန်အားက သူမကို ရုန်းမထွက်နိုင်စေပါ။ ထို့အပြင် ဒီအမျိုးသား၏ အနမ်းစွမ်းရည်များကလည်း ပို၍ပို၍ကောင်းလာသေးသည်၊ အချိန်မကြာခင်မှာပဲ သူမ "ပြိုလဲ"သွားရကာ အနမ်းအတွင်းနစ်မျောသွားတော့၏။

မည်သို့ဆိုစေကာမူ ရွှီယိကျစ်က အနည်းငယ်လွှတ်ပေးလိုက်ပြီး လင်ရှီးလည်း နောက်ပြန်ဆုတ်ကာ နှုတ်ခမ်းနှစ်စုံက ချက်ချင်းဖယ်ခွာသွားကြတော့သည်။

လင်ရှီး၏မျက်နှာမှာ ဆွဲဆောင်အားပြင်းစွာ အနီရောင်ပြေးလို့နေပြီး မလုံမလဲဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်။ သူတို့ ထွက်မလာတာ ကံကောင်းသည်၊ သူမ အနည်းငယ်အပြစ်တင်လိုသံဖြင့် တိုးတိုးလေးပြောလိုက်သည်။

"နောက်ဆို ဒီလိုမလုပ်နဲ့နော်၊ အိမ်မှာ လူတွေရှိသေးတယ်လေ၊ မြင်သွားရင်မကောင်းဘူး။"

ရွှီယိကျစ်၏မျက်လုံးထဲ အပြုံးရိပ်များသန်းနေသည်၊ ကောင်မလေး ရှက်ရွံ့နေပုံကို မြင်ရတာ ပျော်နေသည့်အလား။

လင်ရှီးက မျက်လွှာချကာ အသံကိုနှိမ့်လျက် ပြောလိုက်သည်။

"ယောင်္ကျား၊ ကျွန်မ ရှင်နဲ့ဆွေးနွေးစရာကိစ္စလေး ရှိတယ်။"

သူမ၏ အခက်တွေ့နေပုံရသောပုံစံကို မြင်သည့်အခါ သူမ ပြောလာမည့်အရာများကို ရွှီယိကျစ် သိနေပြီဖြစ်သည်။

"ကျွန်မ ကလေးကို ပြန်ခေါ်လာတယ်၊ ဒါပေမယ့်...သူ့ မိဘတွေ မရှိတော့တာ ကြာပြီတဲ့၊ ကျွန်မကိုယ့်ကို
ကိုယ် သူ့အမေလို့ သတ်မှတ်ပြီး သူ့ကို အိမ်မှာနေဖို့ ခေါ်လာခဲ့တယ်။"

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now