Kiss Husband - 166
အပိုင်း (၁၆၆)
Entertainment Express အပတ်စဉ်ထုတ်တွင်။
"မုန့်ရှင်းယန်၊ နောက်ဆုံးတစ်ခေါက်က တာဝန်လုပ်ခဲ့တာ အရမ်းကောင်းတယ်၊ လင်ရှီးအင်တာဗျူးကြောင့် တို့တွေ အမှတ်အများကြီး ရခဲ့တာ၊ ဒီလအတွဲရဲ့ရောင်းအားက အရင်လထက် နှစ်ဆတောင် ထိုးတက်သွားတယ်။"
"ကျေးဇူးပါ အယ်ဒီတာချုပ်"
"ဟုတ်ပြီ၊ ဒီနေ့ကစပြီး မုန့်ရှင်းယန်က ကျွန်မတို့မဂ္ဂဇင်းတိုက်ရဲ့ ဒုတိယလက်ထောက်ဖြစ်သွားပြီ၊ အားလုံးပဲ အယ်ဒီတာချုပ်မုန့်ရှင်းယန်ကို ကြိုဆိုလိုက်ကြပါဦး။"
အယ်ဒီတာချုပ်ထွက်သွားပြီးနောက် အားလုံးက ဝိုင်းအုံလာကြသည်။
"ဂုဏ်ပြုပါတယ် အယ်ဒီတာမုန့်ရေ။"
"အယ်ဒီတာချုပ်ဖြစ်လာတဲ့အတွက် ရှင်းယန်ကျဲကို ဂုဏ်ပြုပါတယ်၊ နောက်ဆုံးတော့ အယ်ဒီတာချုပ်ရာထူး ရသွားပြီပေါ့!"
"အယ်ဒီတာမုန့် ဒီလောက်မြန်မြန်ရာထူးတိုးသွားတာ တို့တွေကို တစ်ဝိုင်းလောက် ဒကာမခံချင်ဘူးလား။"
"ဒီနေ့ လစာလည်း ထုတ်ဖြစ်တော့ အားလုံးကို လိုက်ကျွေးမယ်လေ။"
ဖြန့်ချီရေးဒါရိုက်တာက မုန့်ရှင်းယန်ကို ဒေါသထွက်စွာ စိုက် ကြည့်နေသည်။ သူမမှာ အယ်ဒီတာချုပ်ရာထူး လိုချင်နေသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုရာထူးကို အသစ်ဝင်လာသူက လုယူသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူမရင်ထဲ တင်းကြပ်နေပြီး မသက်မသာရှိလှသည်!
(အရှေ့မှာ ဖြန့်ချီရေးဒါရိုက်တာကို ယောင်္ကျားလို့ မှားရေးထားခဲ့တာပါ၊ ဒီအပိုင်းမှ မိန်းကလေးမှန်းသိရတယ် TT)
"တူတူသွားကြရအောင်လေ ဒါရိုက်တာ၊ ဒီနေ့ အားလုံးပျော်နေကြတာ။"
"ရှင်တို့ဘာသာပဲသွားပါ၊ ထမင်းလေးတစ်နပ်ပဲကို၊ ရှင်တို့တွေက ခွေးခြေထောက်တွေလို တစ်ယောက်ပြီးတစ်ယောက် သွားကပ်နေကြသေးတယ်။"
ဖြန့်ချီရေးဒါရိုက်တာက ဒေါသတကြီးပြောလိုက်သည်၊ ကြားရသူတိုင်းမှာ ထိုစကားများက သိပ်လွန်သည်ဟု ခံစားလိုက်ကြရ၏။