Chapter 147

1.4K 117 1
                                    

Kiss Husband - 147

အပိုင်း (၁၄၇)

သူ ငါ့ကို သတိမထားမိသွားလောက်ဘူးမဟုတ်လား။

လင်ရှီးနှင့် 'ဒရိုက်ဘာ'မှာ တစ်ချိန်တည်း တွေးမိလိုက်ကြသည်။

ဒီ'ဒရိုက်ဘာ'က စကားစမြည်ပြောချင်နေသည်မှာ သိသာသည်။

"ကောင်လေး မင်းဒီနှစ်အသက်ဘယ်လောက်ရှိပြီလဲကွ။"

မြေခွေးလိုဘွားဘွားကြီးများ မေးလေ့ရှိသော ဤသို့မေးခွန်းများကို ကြားလျှင် လင်ရှီး အနည်းငယ်ပျာသွားကာ အလျင်အမြန် ခေါင်းစဉ်ပြောင်းလိုက်သည်။

"ကားဆရာရော ဒီအလုပ်လုပ်တာ ဘယ်နှနှစ်လောက်ရှိပြီလဲ။"

လင်ရှီး၏မေးခွန်းကိုကြားသောအခါ 'ဒရိုက်ဘာ'က ထစ်ထစ်ငေါ့ငေါ့ဖြင့် ဖြေလာသည်။။

"တစ်...အင်း ၆နှစ်..၇နှစ်၊၈နှစ်လောက်ရှိမယ်ထင်တယ်။"

သူမက အခြားမေးခွန်းများ ထပ်မေးလာမည်စိုး၍ သူ ကားမောင်းရာတွင်သာ အာရုံစိုက်နေပြီး စကားတစ်ခွန်းမှ ထပ်ပြောမလာတော့ပေ။

ကလေးလေးက ပြတင်းပေါက်နားတွင်သာ မှီနေလျက်၊ သူ့မျက်လုံးလေးများက တလက်လက်တောက်နေသည်။

နေရာသို့ ရောက်သောအခါ "ဒရိုက်ဘာ"က ကားထဲမှထွက်ကာ လင်ရှီး၏ ခရီးဆောင်အိတ်ကို ကူချပေးကာ လင်ရှီးကို ကြည့်လိုက်သည်။ သူမ သူ့အား သတိမထားမိသေးသည်ကို တွေ့ရလျှင် သူ အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။

"မိန်းမလှလေး၊ "မင်းဘေးက Idol" ဆိုတဲ့ အစီအစဉ် ကြည့်ဖူးလားခင်ဗျ။"

လင်ရှီးက မော့ကြည့်လိုက်ပြီး ခဏလောက်ရပ်သွားကာ ယဉ်ကျေးစွာ ပြုံးလိုက်သည်။

"ကျေးဇူးပါ၊ အားနာပါတယ်၊ ကျွန်မ မကြည့်ဖူးဘူး။"

ပြောပြီးနောက် သူမ ရှောင်နော့လက်ကိုဆွဲကာ ထွက်သွားတော့သည်။

"ဒရိုက်ဘာ"က နည်းနည်းရှက်သွားပြီး နောက်မှလိုက်လာသော ကင်မရာမန်းဆီသို့ ပြုံးပြလိုက်သည်။

"ဒါကျွန်တော့်ပထမဆုံးအကြိမ်ပဲ၊ ရုပ်ဖျက်တာ ဒီလောက်အောင်မြင်သွားမယ်ထင်မထားဘူး၊ သူ ကျွန်တော့်ကို မှတ်တောင်မမှတ်မိသွားဘူးဗျ!"

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now