Chapter 3

5.3K 401 2
                                    

အပိုင်း (၃) ရှင့်ကိုချစ်ဖို့ ကြိုးစားခြင်း။

သူမ မိထွေးက သူမကို အတင်းအကြပ် ရွှီယိကျစ်နှင့် လက်ထပ်ခိုင်းခဲ့၍သာမဟုတ်လျှင် သူမ သူ့အပေါ် ထိုသို့ပြုမူခဲ့မည်မဟုတ်လောက်။

ကွာရှင်းပြီးနောက်မှာတော့ သူမ ‌မစောင့်နိုင်ဘဲ ချီကျားယန်နှင့် လက်ထပ်ခဲ့သည်။ သို့‌သော် ရက်စက်မှုက သူမ၏အိပ်မက်များအားလုံးကို ဖြိုခွဲပစ်ခဲ့၏။ လက်ထပ်ပြီးနောက် သူက သူမကို လုံးဝမထိခဲ့၊ သူက "မေမေ့သားလေး" ဖြစ်နေရုံသာမက အိမ်တွင်းအကြမ်းဖက်သည့်ဘက်သို့လည်း အနည်းငယ်ယိမ်းချင်သေးသည်။

သူ့ထံ အပြင်တွင် တခြားမိန်းမများ ရှိနေသည်ကိုပါ သူမ မြင်ခဲ့ဖူး၏၊ ၎င်းကလည်း သူမ၏ "အနီးကပ်ဆုံး" အေးဂျင့်နှင့်။ အော်မုန့်ရွှယ်ကတော့ သူမမှာ ဖိအားပေးခံခဲ့ရကြောင်း ပြောသည်၊ သူမကိုယ့်စကားကိုယ် သက်သေပြဖို့ရာ ဒီခွေးနှစ်ကောင်က သူမရှေ့တွင် ပြဇာတ်တစ်ပုဒ် ကခဲ့ကြသေးသည်၊ သောက်ကျိုးနည်း မိမိကလည်း ၎င်းကို ယုံကြည်ခဲ့ပြီး အော်မုန့်ရွှယ်ကို ခေတ္တမျှ ခွင့်လွှတ်မိသွား၏။

ထိုကိစ္စကြောင့်သာမဟုတ်လျှင် ရွှီယိကျစ်က သူမကို ဘယ်လောက်ချစ်ခဲ့မှန်း သူမ သိခဲ့မှာမဟုတ်။ သေရေးရှင်ရေးအခြေအနေတွင် သူက သူမကို ဆက်လက်ရှင်သန်ရန် အခွင့်အရေးပေးခဲ့ကာ သူကတော့ ထာဝရ အိပ်စက်သွားခဲ့သည်။ အကယ်၍ သူမသာ ထိုအချိန်က ရွှီယိကျစ်နှင့် မကွာရှင်းခဲ့လျှင် အရာအားလုံး ကွာခြားသွားလောက်ပေမည်။

အော်မုန့်ရွှယ်က အချိန်ကိုက်ပင် ပါးစပ်ဖွင့်လိုက်၍။

"ဥက္ကဌချီ၊ ရှင်လာတာ အတော်ပဲ၊ လင်ရှီးက အရမ်းကြောက်သွားတာ၊ သူ အခုထိ စကားတစ်လုံးမှ ‌ပြောမလာသေးဘူး၊ ရှင့် သူ့ကို ကောင်းကောင်းအဖော်လုပ်ပေးလိုက်ပါနော်၊ ရှင်ရှိနေရင် သူလည်း အများကြီးပိုစိတ်အေးရလိမ့်မယ်။"

ထိုစကားထဲရှိ သွယ်ဝိုက်သောအဓိပ္ပာယ်မှာ တစ်ခွန်းမှထုတ်မပြောရဘဲ သိသွားနိုင်စေသည်။ ၎င်းက စိတ်ပူနေသူတစ်‌ယောက်၏ ရင်ထဲကလာသောစကားသဖွယ် ထင်ရနိုင်သော်လည်း အမှန်မှာမူ တစ်ဖက်လူက လင်ရှီးချစ်နေသော အမျိုးသားဖြစ်ကြောင်း ရွှီယိကျစ်အား တမင်တကာ ဖော်ပြလိုက်ခြင်းဖြစ်၏။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now