Chapter 79

2.7K 229 1
                                    

Kiss Husband - 79

အပိုင်း (၇၉) အညှာကိုင်မိသွားပြီ။

လင်ရှီးမှာ အနည်းငယ် မယုံကြည်နိုင်ဖြစ်နေပြီး သူမ လမ်းလျှောက်ရတာပင် ပေါ့ပါးလို့နေသည်။

"ဖေကျဲ ကျွန်မ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား၊ ကျဲကို ဆွဲဆိတ်ကြည့်ရမလား။"

ဖေရှန်းစိတ်ထဲ စိတ်လှုပ်ရှားနေသော်လည်း မျက်နှာသေကြီးဖြင့်။ "ရှင့်ဘာသာရှင် ဆွဲဆိတ်လေ။"

လင်ရှီးမှာ ပျင်းရိစွာဖြင့် နှုတ်ခမ်းများ စေ့လိုက်၍။

"အဲဒီလူက 'ပင်လယ်မြေခွေးဟိန်းသံ'ရဲ့ဒါရိုက်တာ ဖြစ်နေမယ်လို့ တကယ်မထင်ထားဘူး၊ ကျွန်မ ဒီနေ့လုံးဝကံကောင်းနေတာပဲ။"

သူမမှာ နဂိုက အခွင့်အရေးထပ်မရတော့ဟု ထင်ထားခဲ့သော်လည်း သူမ ထမင်းစားနေချိန်တွင် အမျိုးသမီးဇာတ်လိုက်သရုပ်ဆောင် ဖြစ်လာလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။

"အင်း။"

ဖေရှန်းက အင်မတန်တည်ငြိမ်နေသည်ကို မြင်ရသောအခါ လင်ရှီး မတွေးမျဘဲ မနေနိုင်။ မိန်းကလေးတစ်ယောက်က ဒီလိုတစ်သမတ်တည်းကြီး နေနေရတာ‌ တော်တော်ပင်ပန်းလောက်မှာပဲ!

"ဒါပေမယ့် ကျွန်မက ယောင်ရူ့အခွင့်အရေးကို လုသွားခဲ့‌တာ၊ သူ ကျွန်မကို သေချာပေါက်မုန်းနေတော့မှာ။"

သူမယခင်ဘဝက ယောင်ရူ၏ မာနကြီးမောက်မာမှုအကြောင်း ကြားဖူးခဲ့သည်။ သူမက အခု လက်ထပ်သွားပြီး ကလေးတစ်ယောက်ပင်ရှိနေပြီဖြစ်ကာ ကျော်ကြားမှုက အရင်ကလောက် မမြင့်တော့သော်လည်း စိတ်မရှည်မှုကတော့ မလျော့ဘဲ တိုး၍သာလာလေသည်။

အခု လူချင်းတွေ့ပြီးသောအခါ သူမ ထင်ထားသည်ထက်ပင် ပို၍ရူးသွပ်နေသည်ကို တွေ့ခဲ့ရ၏။

"သူ့မှာ အခွင့်အရေးရှိခဲ့ပေမယ့် သေချာမဖမ်းဆုပ်ထားနိုင်ခဲ့တာလေ။"

ဖေရှန်းက မျက်နှာအမူအရာမဲ့စွာ ပြောသည်။

တစ်ဖက်တွင် ဝေနက ဖုန်းဖြေနေ၏။

"ယောင်ရူ ဒါ 'ပင်လယ်မြေခွေးဟိန်းသံ'ရဲ့ လက်ထောက်ဒါရိုက်တာပဲ။"

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now