Kiss Husband - 43
အပိုင်း (၄၃) လာဘ်စားခြင်း (၁)
သူ ရေမွှေးလိုသည်မှာ မဆန်းတော့! ရုံးခန်းထဲရှိအနံ့ကို ဖုံးဖို့ပင်။
ရွှီယိကျစ်၏မျက်နှာမှာ မသိမသာပြောင်းသွားသည်။ ဒီချီကျင့်ယွီကတော့ ဒီကိစ္စလေးတောင် ကောင်းကောင်းမလုပ်နိုင်ဘူး။
"လင်ရှီး တောင်းပန်ပါတယ်ကွာ၊ ကိုယ်သောက်တာပါ။"
လင်ရှီးမျက်နှာမကောင်းသေးသည်ကို မြင်သောအခါ ရွှီယိကျစ်မှာ စတင်ပျာယာခတ်လေတော့သည်။ သူ စားပွဲပေါ်ရှိ စီးကရက်ဘူးကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ကာ ဂရုတစိုက် ပြောလေသည်။
"မင်း...ကိုယ့်ကို စိတ်မဆိုးလို့ရမလားဟင်။"
၎င်းကိုကြားသောအခါ သူမရင်ထဲနူးညံ့သွားရသည်။ ရွှီယိကျစ်က ဒီလိုမတရားခံရသလိုမျိုး ဘယ်တုန်းကများ တိုးတိုးလေးပြောဖူးလို့လဲ။
သူမ ယခင်ဘဝတွင် သူက အထီးကျန်၊ အေးစက်ကာ မာနကြီးလှသည်၊ သို့သော် ယခု သူမ ကိုယ်တိုင်၏ ပြောင်းလဲခြင်းကြောင့် သူလည်း ပြောင်းလဲလာပေသည်။ ထိုသို့အမျိုးသားမျိုးက သူမကို ရင်နာစေသလို ရင်ထဲလည်း ထိသွားစေရပါသည်။
သူမ နှုတ်ခမ်းထောင့်စွန်းများ မဆိုစလောက်ကလေး ကွေးတက်သွားပြီး ထိုင်ခုံမှထလိုက်သည်။
"အင်း ကျွန်မ စိတ်မဆိုးတော့ပါဘူး! နောက်ဆို ကျွန်မကို ထပ်မလိမ်နဲ့နော်။"
ရွှီယိကျစ်က သစ္စာဆိုလိုက်သည် "ကိုယ်လုံးဝမလုပ်တော့ပါဘူး။"
"ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျ လူမှုရေးကြောင့်ကလွဲရင် လိုအပ်တာထက်ပိုပြီး ဆေးလိပ်မသောက်တာကောင်းမယ်။"
"ဟုတ်ပါပြီ။"
ကိစ္စတစ်ခု စဉ်းစားမိ၍ လင်ရှီးအိတ်ထဲမှ စာရွက်စာတမ်းတချို့ ထုတ်ယူလိုက်သည်။
"ကျွန်မ ရှင်နဲ့ဆွေးနွေးစရာတစ်ခုရှိတယ်၊ ကျွန်မ ဒီမနက်ပဲ 'စတားအင်တာတိန်းမန့်'နဲ့ စာချုပ်ဖျက်ခဲ့တယ်၊ ကျွန်မမှာ 'ယိလင်'ကိုဝင်ဖို့ သတ်မှတ်ချက်ပြည့်မပြည့် ရှင် ကြည့်ကြည့်နိုင်မလား။"