Kiss Husband - 78
အပိုင်း (၇၈) ပြောင်းလဲနှုန်း။
သူမရှေ့ရှိ နီရဲစပ်လန်နေသော ပုစွန်ထုပ်အိုးကြီးကို ကြည့်ပြီး ၎င်းရှိ တစ်ဝက်ကျော်မျှလောက်က လင်ရှီးဗိုက်ထဲဝင်သွားသည်ကို မြင်လျှင် ဖေရှန်း မျက်လုံးများပြူးသွားရသည်။
ထိုပုစွန်ထုပ်များက အရသာရှိသော်လည်း သူမအိမ်က ယိကျစ်၏ လက်ရာနှင့် မယှဉ်နိုင်! သူမ ယိကျစ်၏လက်ရာကို လွမ်းလှသည်! အဘယ်ကြောင့်ဆိုသော် သူ့တွင် အထူးသီးသန့် အရသာရှိပြီး လူကို စားပြီးရင်းစားစေနိုင်သောကြောင့် ဖြစ်သည်။
သူမ အချိန်အတော်ကြာ မစားခဲ့ရခြင်းကြောင့်သာမဟုတ်လျှင် တစ်ထိုင်တည်းနှင့် ထိုမျှအများကြီးစားနိုင်မည်မဟုတ်။
"ဝိတ်တာ! ရိုးရိုးပုလဲမစ်တီးနှစ်ခွက်လောက်! ကျေးဇူးပါ။"
ဤသည်မှာ ဖေရှန်းအတွက် မျက်လုံးပွင့်သွားစေနိုင်သော အစားအသောက်ပုံစံပင်ဖြစ်၏။ စစတွေ့ခြင်းတုန်းက ကိုယ်အလေးချိန် ၄၉ ကီလိုဂရမ်ရှိနေသည်မှာ မဆန်းတော့ချေ။
"ထပ်မစားနဲ့တော့။"
လင်ရှီးမှာ မျက်လုံးများကို ပုစွန်များထံမှ မခွာချင်ခွာချင်ဖြင့် ခွာလိုက်ရကာ ဖြည်းဖြည်းချင်း မော့ကြည့်လာသည်၊ သူမ နှုတ်ခမ်းသပ်လိုက်၏- ဒီအရသာရှိတဲ့ ဟင်းရည်ကို အလဟဿဖြစ်သွားလို့မရဘူး။
သနားစရာကောင်းစွာ မျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မသိမသာမှေးနေသောမျက်လုံးလေးများနှင့် ကော့တက်နေသော မျက်တောင်များက အပေါ်အောက်ရွေ့လျားသွားပြီး သူမကို သနားလည်း သနားသွားစေသလို လှသည်ဟုလည်း ခံစားရသွားစေ၏။ ထိုဆန့်ကျင်ဘက်ခံစားချက်များမှာ မည်သည့် အာရုံခံမှုကိုမှ ချိုးဖောက်ခြင်းမရှိ အချိုးကျပေါင်းစပ်သွားကြလေသည်။
"ဖေကျဲ အများကြီးရှိတာကို၊ မစားရင် အလကားဖြစ်သွားမှာပေါ့။"
သူမမျက်လုံးထောင့်များက ခပ်ဖွဖွမြင့်တက်သွားကာ အကြည့်တစ်ချက်ဖြင့် လူ၏ဝိဉာဉ်ကိုပါ ဆွဲခေါ်သွားသည့်အလား။