Chapter 25

3.8K 312 1
                                    

Kiss Husband - 25

အပိုင်း (၂၅) အခြားသူများကို မျက်လုံးထဲမထည့်ခြင်း။

ကျန်းရှယ် မျက်‌မှောင်ကြုံ့မိသည်၊ ရှုးထင်ထင်မှာ စိတ်တိုင်းကျစေရန် ခက်ခဲသော အကျင့်စရိုက်ရှိသည်ဟု သူ ယခင်တည်းက ကြားဖူးထားခဲ့၏။ ဟစ်ပ်ဟော့ပ်အသိုင်းအဝိုင်းထဲရှိ သူမ၏ ကျော်ကြားမှုကို မျက်စိကျမိခြင်းကြောင့်သ။ မဟုတ်လျှင် ဘယ်သူဘာပြောပြော သူ သူမကို ဖိတ်ကြားခဲ့မည်မဟုတ်။

"ရှုးလောင်ရှစ်၊ မနေ့ညက အကောင်းဆုံး dancer  တော်တော်များများက လင်ရှီးလောင်ရှစ်ကိုရွေးခဲ့တာ ခင်ဗျားလည်း မြင်တာပဲ၊ ဒါ သူ့အတွက်‌က အခိုင်အမာရှိတာပဲလေ၊ သူက နာမည်ကြီးဆိုတာနဲ့ပဲ ခင်ဗျား ခွဲခြားဆက်ဆံလို့မရဘူးမဟုတ်လားဗျာ။"

၎င်းကို ကြားသည်နှင့် သူမ ပိုဒေါသထွက်လာတော့သည်။

"ကျွန်မ သူ နာမည်ကြီးဟုတ်မဟုတ်ကို ဂရုမစိုက်ပါဘူး၊ သူ့ ကျွမ်းကျင်မှုကိုပဲ၊ လောလောလတ်လတ် ကမ္ဘာ့ချန်ပီယံ B-king ကိစ္စကိုပဲ ဥပမာကြည့်ပါ၊ သူ့အရည်အချင်း ဘယ်လိုရှိလဲ ကျွန်မ ပြောနေစရာတောင်မလိုဘူးလို့ ယုံပါတယ်၊ ရှင်ကိုယ်တိုင်လည်း သိမှာပါ၊ ဒါပေမယ့် အဲဒီနာမည်ကြီးက ဘာလုပ်ခဲ့လဲ၊ သူက balance နဲ့ swag မရှိဘဲ အရည်အချင်းကိုပဲ အာရုံစိုက်လွန်းလို့ pass မပေးနိုင်ဘူး ပြောခဲ့တယ်လေ၊ ရှင်ပြောပါဦး၊ ကျွန်မ သူ့ကျွမ်းကျင်မှုကို ဘယ်လိုယုံကြည်နိုင်ပါ့မလဲ။"

ကျန်းရှယ် ထရပ်ကာ စီးကရက်မီးညှိလိုက်ပြီး ပြတင်းပေါက်ဆီသွားကာ ခဏစဉ်းစားလိုက်သည်။

"အော.. B-king ကိစ္စကတော့ တကယ်နှမြောစရာပဲ၊ ဒါမှမဟုတ် ဒီလိုလုပ်ပါလား၊ ကျွန်တော်တို့ အဲဒီအပိုင်းကို နောက်ကျ ဖြတ်ထုတ်လိုက်မယ်၊ ဆိုရင် B-king ကိုလည်း ခင်ဗျားဖွဲ့ထဲ ထည့်လိုက်လို့ရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အစီအစဉ်က ရိုက်ကူးပြီးသွားပြီလေ၊ အခုမှ လူပြောင်းဖို့တော့ မသင့်တော်ဘူး။"

ရှုးထင်ထင်က စိတ်မရှည်စွာဖြင့် စားပွဲကို ခေါက်နေလျက်။

"သဘောပဲ!" ဟုဆိုကာ လှည့်ထွက်သွားလေသည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now