Kiss Husband - 46
အပိုင်း (၄၆) ဘာလုပ်ဖို့ အိပ်ဆေးတွေလိုနေသေးတာလဲ။
မနက် ၂နာရီတွင်။
လင်ရှီး တံခါးဝမှလျှောက်လာသောအခါ အိမ်ထဲတွင် မီးများလင်းနေသည်ကို တွေ့လိုက်ရပြီး အိမ်ထဲတွင် တစ်စုံတစ်ယောက် ရှိနေသည်ဟု သတိကပ်ထားမိသည်။
ချက်ချင်း သူမ ဒေါက်ဖိနပ်များ ချွတ်လိုက်ပြီး အသက်အောင့်ကာ နံရံတစ်လျှောက်ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။
သို့သော် သူမစိတ်ထဲ ရှုပ်ထွေးနေသည်။ ဤသည်က အကောင်းဆုံးလုံခြုံရေးရှိသော ဟော်တယ်ဖြစ်၏၊ သူမ ခွင့်ပြုချက်မရှိဘဲ သန့်ရှင်းရေးသမားပင် ဝင်၍မရနိုင်၊ ဒါ့အပြင် အခု အတော်နောက်ကျနေပြီလေ!
ရေချိုးခန်းမှလာသောအသံကို ကြားရသောအခါ သူမခြေလှမ်းများ ရပ်သွားသည်။
ရေသံကြားရသည်၊ ရေယိုနေတာတော့ မဟုတ်ဘူးမလား။
အများကြီးတွေးမနေဘဲ လင်ရှီး အလျင်အမြန်တံခါးဖွင့်လိုက်သော် ရေပန်းအောက်တွင် ကိုယ်လုံးတီးဖြင့် အမျိုးသားတစ်ယောက် ရပ်ကာ ရေချိုးနေသည်ကို တွေ့လိုက်ရသည်။
ရေချိုးခန်းတံခါးမှ 'ကလစ်'ခနဲအသံကြားလိုက်ရသော် ထိုအမျိုးသားက မသိလိုက်မသိဘာဖြင့် လှည့်လာပြီး လင်ရှီးကို မြင်လိုက်ရသောအခါ ဦးနှောက်ထဲမှကြိုးပင် ပြတ်သွားရသည်။
လင်ရှီး၏မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ဒေါက်ဖိနပ်နှင့်အိတ်များဖြင့် သူ့ကိုပစ်ပေါက်တော့သည်။
"ရွံ့စရာကောင်၊ နှာဘူး၊ မြေခွေးကြီး!!"
သူမ၏ရုတ်တရက်တိုက်ခိုက်လာမှုကြောင့် လန့်သွားရြာ ရွှီယိကျစ်က ရေပန်းကို အလျင်အမြန်ပိတ်ပြီး ဗလုံးဗထွေးအသံဖြင့် အော်လိုက်၏။
"လင်ရှီး ကိုယ်ပါ။"
ပျာယာခတ်နေသောလင်ရှီး၏လက်ထဲမှ ပစ္စည်းများ ကြမ်းပေါ်လျှောကျသွားလေသည်။
"ရွှီ....ရွှီ...ယိကျစ်?"
......
ခုနလေးတင် ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိသည်နှင့် လင်ရှီး၏နားရွက်ဖျားများ ပူနွေးလာရပြီး သူမပါးနှစ်ဖက်စလုံးများ မီးတောက်နေသောတိမ်စိုင်များလို နီစွေးလာရသည်။