Kiss Husband - 65
အပိုင်း (၆၅) ကျောင်းသားဟောင်းတွေ့ဆုံပွဲ (၄)
သူမက ရှန်ပင်းရှီးပြောခဲ့သလို 'နာမည်ကြီး'လိုမပြုမူကြောင်း တွေ့သောအခါ လင်ရှီးအပေါ် အားလုံးက ကောင်းသောခံစားချက်များ တိုးလာခဲ့သည်။
"ကိစ္စမရှိပါဘူး၊ ပြီးမှ ပြန်ခါနီးကျ နောက်ကျလို့ အပြစ်ခံယူတဲ့အနေနဲ့ အားလုံးကို လက်မှတ်ထိုးပေးရမယ်နော်။"
"ဟုတ်ပါပြီ။"
သူတို့မှာ အတန်းဖော်များဖြစ်သော်လည်း ဆက်ဆံရေးမှာ မနက်ရှိုင်းကြ၊ အခု သူမအပေါ် ထိုမျှစိတ်အားထက်သန်နေကြကြောင်း တွေ့ရလျှင် ၎င်းက လူ့သဘာဝသာဖြစ်ကြောင်း လင်ရှီး သိလိုက်သည်။
ရှန်ပင်းရှီးက ဖြည်းဖြည်းချင်း ပြောလာ၏။
"လင်ရှီး တို့တွေမတွေ့ရတာကြာပြီနော်၊ နင် တော်တော်ပြောင်းလဲသွားတာပဲ။"
ထိုအသံမှာ သေချာပေါက် စင်စစ် သူမပါပေ။ လင်ရှီးမှာ နှလုံးသားအောက်ခြေမှပင် ခနဲ့လိုက်ပြီး သူမနှုတ်ခမ်းများက အပြုံးမမည်စွာ မြင့်တက်သွားသည်။
"ဒါဘယ်သူလဲမသိဘူး။"
ရှန်ပင်းရှီးမျက်နှာပေါ်ကအပြုံးမှာ တမုဟုတ်ခြင်း တောင့်ခဲသွားသည်၊ ဒီလင်ရှီးက တမင်တကာလုပ်နေတာ ဖြစ်ရမည်။
အော်မုန့်ရွှယ်က နံဘေးမှ ခပ်တိုးတိုးပြောလာ၏။
"သူက ငါမနေ့ကပြောခဲ့တဲ့ ရှန်ပင်းရှီးလေ။"
လင်ရှီး ရုတ်တရက် 'အလင်းရ'သွားသည်။
"ဪ ပင်းရှီးပဲ၊ ဆောရီးပါ ခဏလောက် နင့်ကို မမှတ်မိလိုက်ဘူး။"
ရှန်ပင်းရှီးမှာ အောင့်သက်သက်ဖြင့် ပြုံးပြလိုက်ရသည်။
သူမ၏သူငယ်ချင်းကောင်းများမှာတော့ လင်ရှီးကို တိတ်တဆိတ် ကျိန်ဆဲလိုက်ကြ၏။ သူက ဒုတိယအဆင့်လေးပဲမဟုတ်ဘူးလား၊ ဘာတွေများကြွားစရာရှိနေလို့လဲ၊ ချီကျားယန်ကို သုံးပြီး ဖြည်းဖြည်းချင်းတွယ်တက်လာတာပဲ မဟုတ်လား။
ပိုင်လုမှာ ပြောရမည့်စကားများကို ခေတ္တမျှစဉ်းစားနေပြီးနောက်။