Chapter 60

3.4K 302 2
                                    

Kiss Husband - 60

အပိုင်း (၆၀) ကကွက် ကူးချခြင်း(၂)

ရှုးထင်ထင်မှာ ပထမဆုံးအကြိမ်အဖြစ် ရိုက်ကူးရေးလုပ်နေစဉ် အထိန်းအကွပ်မဲ့သွားမိခြင်း ဖြစ်သည်။ ကျန်းရှယ်က သူမကို ဒေါသထွက်စွာ ကြည့်လာ၏၊ ဒီအမျိုးသမီးက ‌အတော်မွှေနိုင်လွန်းသည်။

"ဌာနတိုင်း ရိုက်ကူးရေးတွေအကုန်ရပ်လိုက်ကြ။"

လင်ရှီး ပြောလိုက်သည်။

"ကျွန်မ နဂိုကတော့ ဒီဗီဒီယိုကို မပြချင်ပါဘူး၊ ဒါပေမယ့် အကြောင်းရင်းမရှိ အပြစ်တင်ခံရမယ့်သူက ကျွန်မတော့ မဟုတ်ဘူးလေ၊ ဒီလိုဆို‌မှတော့ ပြလိုက်တာပေါ့!"

သူမအသံဆုံးသည်နှင့် စင်အလယ်ရှိ ကြီးမားသောစခရင်ကြီးပေါ် ဗီဒီယိုတစ်ပုဒ် စတင်ပြသလာ၏။

အော်မုန့်ရွှယ်ရင်ထဲ ရုတ်တရက် မကောင်းသည့်ခံစားချက်တစ်မျိုးရလိုက်သည်။

ရှုးထင်ထင်အဖွဲ့ရှိ b-king မှာ ထိတ်လန့်သွားရပြီး သူ့မှုန်မှိုင်းနေသောမျက်နှာမှာ ဖြူဖျော့သွား၏၊ လင်ရှီးအဖွဲ့ထဲမှ dancer တစ်ယောက်၏မျက်နှာနှင့် တစ်ထပ်တည်းပင်။ ဒီကိစ္စက...ဖုံးထားတာမဟုတ်ဘူးလား။

ဗီဒီယိုတွင် လူနှစ်ယောက်ကို ပြသနေသည်။ သူတို့ထဲမှ တစ်ယောက်သည် လင်ရှီးအဖွဲ့မှ ဝါရင့် dancer 'NG' ဖြစ်ပြီး တခြားတစ်ယောက်မှာတော့ ကမ္ဘာ့'ဖလား'ကို ရရှိထားသည့် ရှုးထင်ထင်အဖွဲ့မှ b-king ဖြစ်သည်။

နှစ်ယောက်သားကြားက စကားများမှာ အားလုံး၏နားထဲ ရောက်ရှိလာ၏။

အော်မုန့်ရွှယ်၏မျက်နှာ ပြောင်းလဲသွားသည်၊ မိုးပြင်းလေပြင်းများအကြား လူးလားယှက်တင် တိုက်ခတ်နေသော လေပွေအလား မည်းမှောင်လျက်။

"NG ကော၊ ကျွန်တော်တို့က ဘော်ဒါဟောင်းတွေပဲလေ၊ နှစ်ဖက် ဖလှယ်ကြရအောင်လား၊ ခင်ဗျားတို့ကကွက်တွေခိုးမှာကြောက်လို့လား။"

"ဟုတ်ပြီကွာ ကဲ ဒါဆိုလည်း ငါ မင်းကို ထပ်ပြမယ်။"

အားလုံးမှာ မျက်လုံးများ ပြူးကျယ်သွားကြရသည်။ 'NG' ၏ ကကွက်များမှာ ဒီကနေ့ ရှုးထင်ထင်တို့အဖွဲ့၏ကကွက်များနှင့် လုံးဝမခြားနားပါချေ။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now