Chapter 112

2.1K 200 3
                                    


အပိုင်း (၁၁၂) သူမကို အရှက်ရစေခြင်း။

စင်စစ်မှာ မုန့်ရှင်းယန်သည် အပတ်စဉ်ထုတ်မဂ္ဂဇင်းများအနက် နံပါတ်တစ်စွဲသော "Fashion" မဂ္ဂဇင်း၏ အယ်ဒီတာချုပ် ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် သူမ၏ ခြွင်းချက်ဖြစ်သော အရည်အချင်းများကြောင့် အလုပ်ရခဲ့ခြင်းဖြစ်လေသည်။

ဖြန့်ချီရေးဒါရိုက်တာက သူ့နဖူးသူ ပွတ်သပ်လိုက်ရင်းဖြင့်။

"ကျွန်တော် ခင်ဗျားကို နောက်ဆုံးအခွင့်အရေးတစ်ခု ထပ်ပေးမယ်၊ ခင်ဗျား ကောင်းကောင်းမလုပ်နိုင်ရင် အယ်ဒီတာချုပ်ဆီသွားပြီး ချက်ချင်း ထွက်စာသာတင်လိုက်တော့၊ ကျွန်တော်တို့ ဒီမှာ မသန်မစွမ်းတွေကို မထောက်ပံ့ဘူး။"

"ကျွန်မ ကောင်းကောင်းလုပ်ပါ့မယ်၊ ကျေးဇူးတင်ပါတယ်ရှင်။"

ဘာကိစ္စမို့လဲ၊ သူမက လွယ်လွယ်နဲ့လက်ခံလိုက်တယ်! ဖြန့်ချီရေးဒါရိုက်တာက အာဏာအလွဲသုံးစားလုပ်ရာတွင် အသားကျနေပြီဖြစ်၍ သူမကို အထင်သေးသည်မှာ သဘာဝပင်။

"လင်ရှီးက အရင်က ကျွန်တော်တို့ဖိတ်တာကို ပယ်ချခဲ့တယ်၊ ခင်ဗျား သူ့ကို အဖုံးကာဗာရိုက်ပေး‌ဖို့ ကမ်းလှမ်းနိုင်ရင် ခင်ဗျား ဒီမှာဆက်နေလို့ရတယ်၊ မလုပ်နိုင်ရင်တော့ စိတ်မကောင်းပါဘူး၊ ထွက်ပေါက်က ဟိုမှာပဲ။"

သူ ညာလက်ဖြင့် တံခါးကိုညွှန်ပြလိုက်သည်။

မုန့်ရှင်းယန်မှာ မနေနိုင်ဘဲ ထပ်မံရေရွတ်မိသည်။ "လင်ရှီး?"

ဖြန့်ချီရေးဒါရိုက်တာ၏မျက်လုံးထဲ မထီမဲ့မြင်အထင်သေးရိပ်များ ရှိနေသည်။ "ဘာလဲ၊ ခင်ဗျား ခုနလေးက‌တင် ကျိန်ဆိုခဲ့တာ၊ အခု မလုပ်နိုင်တော့ဘူးလား။"

"မဟုတ်...မဟုတ်ပါဘူး၊ ကျွန်မ သူ့ကို ဖိတ်နိုင်သ၍ ဒီမှာဆက်နေလို့ရတာ သေချာလားလို့ အတည်ပြုချင်ရုံပါ။"

"ဟုတ်တယ် ဒါပေမယ့် ခင်ဗျားကို အချိန်နှစ်ရက်ပဲပေးမယ်။"

မုန့်ရှင်းယန်ထွက်သွားသည်ကို မြင်သောအခါ အနုပညာသတင်းထောက်များအားလုံးက စုရုံးလိုက်ကြ၏။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now