Chapter 84

2.6K 260 2
                                    

Kiss Husband - 84

အပိုင်း (၈၄) သွေးသားရင်းချာ။

ရှောင်ကျောက်က သူမစကားများကိုကြားလျှင် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားရသည်။ သူမပြောတာမှန်သည်၊ ခုနက မိမိလွန်သွားခဲ့သည်။

"ရှောင်မုန့် ကျွန်မတကယ်တောင်းပန်ပါတယ်၊ ခုနက မကောင်းတာတွေ ပြောခဲ့မိတယ်၊ စိတ်ထဲမထားပါနဲ့နော်!"

အမှန်တော့ သူမတွင် မကောင်းသည့်စိတ်မရှိပါ။ ထိုအမျိုးသမီးက စိတ်ဓာတ်မကောင်းဘဲ ယောင်္ကျားများနှင့် ဇာတ်လမ်းရှုပ်ရတာကြိုက်သည်ဟု အခြားသူများ အတင်းပြောကြသည်ကို သူမ ကြားခဲ့မိရုံသာဖြစ်သည်။ သို့သော် အခုတွေးကြည့်မိသောအခါ မိမိလုပ်ရပ်မှန်‌မနေခဲ့သည်မှာတော့ အဟုတ်ပင်။

မုန့်ရှင်းယန်မှာ တောင်းပန်စကား ကြားလိုက်ရသောအခါ အံ့ဩကာ ရင်ထဲထိသွားရသည်။ အကာကွယ်ပေးခံရသောခံစားချက်က အင်မတန်ကောင်းလှ၏။

"ကိစ္စမရှိပါဘူး ကျွန်မ စိတ်ထဲမထားပါဘူး။"

သူမက မိမိအမေအား စိတ်ရင်းဖြင့်တောင်းပန်နေသည်ကို မြင်သောအခါ လင်ရှီးက အိတ်ထဲမှ ပို့စကတ်တစ်ကတ် ဆွဲထုတ်ပြီး လက်မှတ်ထိုး၍ စာကြောင်းတစ်ကြောင်း ရေးပေးကာ ရှောင်ကျောက်အား ပေးလိုက်၏။

ပို့စကတ်လက်ခံရလိုက်သော ရှောင်ကျောက်မှာ အင်မတန်စိတ်လှုပ်ရှားသွား၍ သူမမျက်လုံးထောင့်များကပင် အပြုံးများဖြင့် တွန့်ကွေးနေလေသည်။ သူမမွေးနေ့တွင် သူမသမီးက သူမအား ရေးမွှေးတစ်ပုလင်း ဝယ်ပေးခဲ့သည်။ ရက်အနည်းငယ်အကြာတွင် သူမသမီး၏မွေးနေ့ ဖြစ်၏။ သို့သော် သမီးလေးအား တန်ဖိုးကြီးပစ္စည်းတစ်စုံတစ်ရာ ဝယ်ပေးဖို့ရန် သူမတွင် ပိုက်ဆံရှိမနေ။ သူမ ဒီလက်ဆောင်ကို အလွန်သဘောကျလောက်ပေမည်။

"ဟုတ်ပြီ အမေကျွန်မနဲ့ပြန်လိုက်ခဲ့တာကောင်းမယ်၊ မဟုတ်ရင် ကျွန်မ အပြစ်ရှိလွန်းလို့ သေလိမ့်မယ်။"

မုန့်ရှင်းယန်က အမှန်တကယ်ပင် လင်ရှီး၏အမေဖြစ်ကြောင်း ကျန်နှစ်ယောက် သတိပြုမိသွားကြလေသည်။

ချန်ကျဲက သူမကို အကြံပြုလိုက်၏။

"ရှောင်မုန့် နင်တို့ကြား ဘာတွေဖြစ်ထားလဲ ငါမသိပေမယ့် နင့်သမီး ပြန်လာတွေ့ပြီဆိုတော့ သူနဲ့ပြန်လိုက်သွားလိုက်ပါ။"

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now