Chapter 109

2.2K 192 1
                                    

Kiss Husband - 109

အပိုင်း (၁၀၉) မြေးချီချင်တယ်။

"နဂိုကတော့လေ ကျွန်မတို့သားလိင်စိတ်တိမ်းညွှတ်မှုမှာ ပြဿနာတစ်ခုခုရှိနေတယ်ထင်ခဲ့တာ၊ ကျွန်မတို့နောက်ကွယ်မှာ လက်ထပ်လိမ့်မယ်လို့ ထင်မထားဘူး၊ ရှင်ပြောကြည့် ကျွန်မတို့မသိအောင် ကလေးမွေးထားဦးမယ်ထင်လား။"

စူးကျစ်ယန်မှာ စိတ်ကူးမယဉ်မိဘဲ မနေနိုင်။ တစ်နေ့မှာ သူမဆန္ဒများ ပြည့်ဝသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားမိခဲ့ပေ။

ရွှီရှင်းရုန်က သူ့မိန်းမတွေးနေသည်များကို ကောင်းကောင်းကြီးသိ၏။

"တွေးမနေစမ်းပါနဲ့၊ ငါတို့ချွေးမလေးက သရုပ်ဆောင်လေ၊ ဘယ်လိုလုပ် အခု ကလေးယူနိုင်ပါ့မလဲ။"

ယခု သူမတွင် ကလေးရှိသွားလျှင် လက်ထပ်လိုက်သည့်သတင်းကို ကြေငြာရန်လိုအပ်ပေမည်။ ရလာဒ်အနေဖြင့် လင်ရှီး၏ ကျော်ကြားမှုကျဆင်းသွားနိုင်သည်။

"အို ကျွန်မသိပါတယ်၊ ကျွန်မက တွေးကြည့်ရုံပဲမဟုတ်ဘူးလား၊ ရှင်ရော ရှင်မြေးမချီချင်ဘူးလို့ ပြောရဲလား။"

"ငါ.." သေချာပေါက် သူတွေးခဲ့ဖူး‌တာပေါ့။ ထို့ကြောင့် သူ စကားလမ်းကြောင်းလွှဲလိုက်သည်။

"အဖေက ဘာလို့မလာသေးတာလဲမသိဘူး။"

စူးကျစ်ယန်မှာ ဒီစကားခေါင်းစဉ်ကြောင့် အနှောင့်အယှက်ဖြစ်မသွား။

"ကျွန်မ ဒရိုက်ဘာကို သွားကြိုခိုင်းထားတယ်၊ မကြာခင်ရောက်လောက်မှာပါ။"

"အဖေ့ကို အဲဒီအိမ်လေးမှာပဲ တစ်ယောက်တည်းနေခွင့်ပေးထားတာ အထီးကျန်မှာပဲနော်။"

"ငါပြောပြီးပါကော၊ အဖေက အိမ်လေးမှာနေရတာ ပိုသက်တောင့်သက်သာရှိပြီး တိတ်ဆိတ်တယ်လို့ ခံစားရတယ်လေ၊ လူကြီးအလိုကျပဲ လိုက်ပေးလိုက်ရအောင်ပါ။"

"ရှောင်ရှီးရယ် ဒီတိုင်းလာလည်းရတာကို ဘာလို့ ဒါတွေအများကြီးဝယ်လာရတာတုန်း။"

ပြောရင်းဖြင့် သူက လင်ရှီးလက်ထဲမှ အထုတ်ကြီးအထုတ်ငယ်များကို ဆွဲယူလိုက်သည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now