အပိုင်း (၁၁၀) ကိုယ့်ဂုဏ်သရေပါပဲ။
အားလုံးက သူမကို ဝိုင်းကြည့်နေကြသည်ကို မြင်သောအခါ လင်ရှီးမှာ လက်ထဲရှိတူကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိကာ အကျင့်အရ နှုတ်ခမ်းကိုက်ထားမိသည်။ အမှန်တော့ သူမ အခုပင် မဂ်လာပွဲ ကျင်းပလိုက်ချင်၏၊ သို့သော် အဲဒါက ယိကျစ်အတွက် မတရားရာကျနေမလား။
သူမတွင် ကလေးတစ်ယောက်ရှိနေသည်...နဂိုက ကလေးကို ရှာတွေ့သည်အထိ စောင့်ပြီးမှ ယိကျစ်ကို ဝန်ခံချင်ခဲ့၏။ ထိုအချိန်ကျလျှင် ရလာဒ်က မည်သို့ပင်ဖြစ်ပါစေ သူမ လက်ခံလိုက်မည်။
"ကျွန်မ..."
"ကျွန်တော်တို့ အချိန်တစ်ခုထိတော့ မဂ်လာဆောင်လုပ်ဖို့ အစီအစဉ်မရှိသေးဘူး။"
"ဘာ? ဘယ်နှယ့်ဒီလိုလုပ်လို့ရမလဲကွ!"
သခင်ကြီးရွှီမှာ ဒေါသထွက်ကာ မကျေမနပ်ဖြစ်သွား၏။
စိတ်ပျက်နေသော်လည်း ကူကယ်ရာမဲ့နေပြန်၏၊ သို့နှင့် ရွှီရှန်းရုန် ဝင်ပြောရတော့သည်။
"အဖေ့ ဒါ ကလေးနှစ်ယောက်ကိစ္စပဲလေ၊ စိတ်မပူကြရအောင်ပါ။"
ရွှီရှင်းရုန်စကားဆုံးသည်နှင့် သခင်ကြီးမှာ ပို၍ပင် ဒေါသထွက်လာသည်။ "ဒီကောင်စုတ်ကတော့!"
"အဖေ စိတ်မတိုနဲ့လေ၊ ဒေါသထွက်ရင်လည်း သတိထားဦး၊ အနာဂတ်မှာ မြစ်ကလေးမချီရရင် မတန်ဘဲနေလိမ့်မယ်။"
သခင်ကြီးက တွေးကြည့်လိုက်သည်။ အဲဒါအကျိုးအကြောင်းသင့်တာပဲ၊ ငါ နောက်ဆို မြစ်ကလေးအတွက်ပဲ စဉ်းစားတော့မယ်၊ မင်းတို့ကို ဂရုမစိုက်တော့ဘူး။
"ဟေ့ ငါအိုနေပြီလေကွာ၊ မြစ်ကလေးမွေးတာကိုတောင် မြင်ရပါ့မလားမသိပါဘူး။"
"အဘိုးက နှစ်တစ်ရာလောက် အသက်ရှည်ဦးမှာပါနော်၊ စိတ်ညစ်စရာစကားတွေ မပြောပါနဲ့။"
သခင်ကြီးက အင်မတန်စိတ်ကျေနပ်သွားသည်၊ မြေးချွေးမလေးပဲ လိမ္မာတယ်!
လင်ရှီးက ဖြည်းဖြည်းချင်း ခေါင်းပြန်ငုံ့လိုက်သည်၊ သူတို့တွေသာ အကုန်လုံးသိသွားရင် သူမကို ဒီလိုဆက်ဆံမှာမဟုတ်လောက်ဘူးမို့လား။