Kiss Husband - 29
အပိုင်း (၂၉) ခါးပိုက်နှိုက်။
"ကြည့်ပါဦး၊ အဲမှာ တို့ချွေးမမဟုတ်လား။"
အဝါနှစ်ရောင် ဇိမ်ခံကားတစ်စီးက လမ်းတစ်ဖက်တွင် ထိုးရပ်လိုက်သည်။
စူးကျစ်ယန်က ဓာတ်ပုံများကိုထုတ်ကာ ဂရုတစိုက်ယှဉ်ကြည့်လိုက်သည်။ သူမချွေးမက ဓာတ်ပုံထဲတွင် မိတ်ကပ်များ ထူထဲနေသော်လည်း သူမ တစ်ချက်ကြည့်ရုံနှင့် မှတ်မိနိုင်ပါသည်။
သခင်ကြီးနှင့် ရွှီရှင်းရုန်တို့က အရှေ့သို့တိုးလာကြကာ။
"ငါတော့ မတူဘူးထင်တယ်နော်။"
"ငါလည်း အဖေပြောတာမှန်တယ်လို့ထင်တယ်။"
"အိုင်းယား ကျွန်မပြောတာ နားထောင်စမ်းပါ၊ မိန်းမတွေရဲ့ ဆဌမအာရုံက တအားတိကျတယ်။"
"နေပါဦး၊ သူ့ဘေးမှာ ဘာလို့ ယောင်္ကျားတစ်ယောက် လိုက်နေတာလဲ။"
ရွှီရှင်းရုန်ပြောလိုက်သည်နှင့် ကျန်နှစ်ယောက်က ချက်ချင်း ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်သည်။
လူသုံးယောက်မှာ စိတ်ထဲ တစ်ခုကိုတွေးမိသွားကြသည်၊ အဲဒီကောင်လေးက မိမိတို့ချွေးမကို လုယူသွားချင်တဲ့သူတော့ မဟုတ်လောက်ဘူးမလား။
"မဖြစ်ဘူး ကျွန်မ သွားကြည့်ကြည့်မယ်။"
"မိန်းမ ငါလည်းလိုက်မယ်လေ။"
နှစ်ယောက်သားက ကားတစ်ဖက်တစ်ချက်စီမှ ဆင်းခါနီး အလယ်တွင်ထိုင်နေသော သခင်ကြီးက အလေးအနက်ထပြောလေသည်။
"နေကြဦး။"
ဇနီးမောင်နှံမှာ သခင်ကြီးက သူတို့ကို တားနေသည်ဟု ထင်လိုက်ကြသည်။
"အဖေ့?"
နှစ်စက္ကန့်မျှရပ်သွားပြီးနောက် သခင်ကြီးက ပြောလာသည်။
"ငါလည်းသွားမယ်။"
"လင်ရှီးလောင်ရှစ်၊ ကျွန်တော်တို့ ဘာလို့တိုက်ရိုက်ပဲ မမှာစားလိုက်တာလဲ။"
စကားပြောနေသူမှာ ပထမ round က အဆင့်တက်လာသူ 'မျက်နှာမဲ့အမျိုးသား'ဖြစ်သည်။ အခု သူ့ဝတ်စုံကို ချွတ်ထားသောအခါတွင်တော့ အရွယ်ရောက်ပြီး ကောင်လေးတစ်ယောက်သာ ဖြစ်ပေသည်။