Chapter 172

977 86 1
                                    

Kiss Husband - 172

အပိုင်း (၁၇၂)

"ထူးဆန်းတယ်၊ မရီးတို့ဘာလုပ်နေကြတာလဲ၊ စားနေတုန်း ဘာလို့ထထွက်သွားကြတာလဲ။"

ကျန်းနန်က မသ်ကာစွာမေးသည်။

"ဘာတွေထူးဆန်းနေလို့လဲ! ငါက သူတို့ကွာရှင်းဖို့ပြောလိုက်လို့နေမှာပေါ့၊ နှုတ်တောင်မဆက်ဘဲ ထွက်သွားကြတာ။"

ဆရာဝန်က ဆေးစစ်ချက်ရလာဒ်များ ပြောလာသည်ကို ကြားသောအခါ ရှုးထင်ထင် ကြောင်အသွားရသည်။ လင်ရှီးပြောခဲ့သည်ကို သူမ အစောတည်းက ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း ဆရာဝန်က သူမကိုယ်ဝန်ရှိနေပြီဟုပြောသည်ကို ကြားရချိန်တွင် မည်သို့‌တုံ့ပြန်ရမည်မသိဘဲ လုံးဝကြက်သေသေသွားရလေသည်။

တစ်ဖက်တွင်တော့ မုန့်ရှီးချန်မှာ ရှုးထင်ထင်ကို ပွေ့ကာ ယမ်းခါပစ်ချင်သည်အထိ စိတ်လှုပ်ရှားနေလေပြီ၊ သို့သော် သူတို့ကလေး ထိခိုက်သွားမည်ကို သူစိုးရိမ်နေပါ၏။

သူတို့မှာ ခက်ခက်ခဲခဲဖြင့်ကလေးရခဲ့သည်ဖြစ်၍ ဂရုစိုက်ရမည်။

"မိန်းမ မင်းကြားတယ်နော်၊ ငါတို့ကလေးရတော့မှာ၊ တကယ်ကြီးကလေးရတော့မှာကွ။"

ရှုးထင်ထင်မှာ ထိတ်လန့်ရာမှ ပြန်အဆင်ပြေသွားပြီး ရှီးချန်၏မျက်လုံးများကိုမြင်သော် သူ့ခံစားချက်များ ကူးစက်လာသကဲ့သို့ မျက်ရည်များကျလာမိသည်။

"ယောင်္ကျား၊ ကျွန်မတို့ မကွာရှင်းတော့လို့ရမလားဟင်။"

"ငါတို့မကွာရှင်းပါဘူး။"

လင်ရှီးက သူမကျေးဇူးရှင်ပင်! လင်ရှီးကြောင့်သာ မဟုတ်ပါက သူမနှင့် ရှီးချန်တို့ ကွာရှင်းပြီးနှင့်လောက်ပေပြီ။

ရှုးထင်ထင်၏မျက်ဝန်းများထဲ ကျေးဇူးတင်ခြင်းနှင့် ဝမ်းသာမှုတို့ကြောင့်ဖြစ်ပေါ်လာသော မျက်ရည်စများ ရှိနေသည်။

သူတို့ဆေးရုံမှအိမ်သို့ပြန်ရောက်သောအခါ သခင်မကြီးမုန့်က ကုလားထိုင်တွင်ထိုင်လျက် နေပူစာလှုံနေသည်။

ကျန်းနန်နှင့်မုန့်ဟောက်ထျန်းတို့မှာ ဆိုဖာတွင်ထိုင်၍ တီ‌ဗီကြည့်နေ၏။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now