Kiss Husband - 33
အပိုင်း (၃၃) သူမကို သဘောကျမိတာ။
သူမ ယခင်ဘဝတွင် ရွှီယိကျစ်၏မိဘများနှင့် တစ်ကြိမ်သာ တွေ့ဖူးခဲ့သည်၊ သို့သော် ၎င်းက ရွှီယိကျစ်၏ အုတ်ဂူရှေ့တွင် ဖြစ်သည်။
"အားလုံးက နင်ဒီမိန်းမကြောင့်! ငါ့သားကို နင်သတ်လိုက်တာ!! နင်ရော ဘာလို့သွားမသေလိုက်ရတာလဲ!!"
"ငါ့သားကို ပြန်ပေးစမ်းပါ"
"ငါ့သားက နင့်လိုမိန်းမမျိုးကိုမှ ဘာလို့ကြိုက်ခဲ့ရတာလဲ!!"
ပင်ပန်းမောဟိုက်ကာ ကွဲအက်နေသော ထိုအသံက သူမကို ထပ်မပြိုလဲနိုင်တော့သည်အထိ ဖျက်ဆီးခဲ့ပေသည်။
ထိုအသံ၊ ထိုမြင်ကွင်းတို့က သူမရင်ထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားခဲ့ကာ သူမကို ကြောက်ရွံ့စေသည်! ထိတ်လန့်စေခဲ့သည်!
ဟုတ်တာပဲလေ၊ ယိကျစ်၊ ရှင်ဘာလို့ ကျွန်မကို သဘောကျခဲ့ရတာလဲ။
ဒီဘဝမှာတော့ ကျွန်မ ရှင့်ကို ကာကွယ်ပေးပါ့မယ်။
စားပွဲ၌ ဒေတာများစုနေသော ရွှီယိကျစ်ထံ ရုတ်တရက် ဖုန်းဝင်လာသည်။
ဖုန်းထဲမှ ချီကျင့်ယွီ၏ သတိတကြီးအသံ ထွက်ပေါ်လာ၏။
"ဟိုဟာလေ၊ သူဌေး၊ ခင်ဗျားကို တစ်ခုပြောပြမယ်၊ လုံးဝ စိတ်မဆိုးနဲ့နော်၊ အဲဒါကလေ...."
ပြောလို့ကိုမထွက်ဘူးကွာ!!
ရွှီယိကျစ်က ဒေတာများစီနေရင်စ အေးတိအေးစက် ပြန်ပြောသည်။
"မနေ့က မင်းလုပ်ထားတဲ့အချက်အလက်တွေ မှားနေတယ်၊ ဒီနေ့ ဝန်ထမ်းကို ထပ်ပြင်ခိုင်းလိုက်။"
တစ်ဖက်ရှိ ချီကျင့်ယွီ - အချစ်မရှိတဲ့ဘဝကြီးကလည်း မတရားအေးစက်လိုက်တာနော်~
သူ့မှာ မိမိကံတရားကို လက်ခံလိုက်ရုံသာ။
"အော ကျွန်တော်သိပါပြီ၊ ဒါပေမယ့် ကျွန်တော်ပြောစရာရှိတာ တခြားတစ်ခု။"
တစ်ခဏမျှ အီလေးဆွဲပြီးနောက်။
"မနေ့ညက အန်တီက ကျွန်တော့်ကို မရီးအလုပ်လုပ်တဲ့နေရာ စုံစမ်းခိုင်းခဲ့တယ်။"