Chapter 98

2.6K 231 6
                                    

Kiss Husband - 98

အပိုင်း (၉၈) လက်ဆောင်ပြင်ဆင်လာခြင်း။

ချီကျင့်ယွီက ရုတ်တရက်ပြန်လှည့်လာပြီး။

"အာ၊ ကောမိန်းမနဲ့ ကျွန်တော်နဲ့ နှစ်ခါပဲတွေ့ဖူးတာ! တစ်ခါက ဆေးရုံရှေ့မှာ၊ တစ်ခါက ဓာတ်လှေကားထဲမှာ၊ ဒါရင်းနှီးတယ်လို့ ထည့်မတွက်မဘူးမဟုတ်လားဗျ။"

ရွှီယိကျစ်မှာ 'ကောမိန်းမ'ဟူသောစကားများကို စိတ်ကျေနပ်သွားရပြီး သူ့မျက်လုံးထဲရှိ အေးစက်မှုများ ဖြည်းဖြည်းချင်းလျော့ကျလာသည်။

"ဟုတ်ပြီ အလုပ်သွားလုပ်တော့!"

ချီကျင့်ယွီမှာ ကြက်ဟင်းခါးသီးလို မျက်နှာဖြင့် လျှောက်ထွက်လာလေသည်။ အစီအစဉ်ပြန်ချရမှာက သူ့အသက်ကို နုတ်ချင်နေတာပဲ! သူ့မှာ ဒီရက်အတွင်း ကောင်မလေးတွေ သွားကြောင်ဖို့တောင် အချိန်မရှိဘူး!

တစ်ယောက်ယောက် လာ‌သည်ကို မြင်လိုက်ရသောအခါ လင်ရှီးက ချီကျင့်ယွီဟု ထင်သွား၏။

"ကျင့်ယွီ ရှင့်ဆံပင်ကို ဘာလို့အမည်းပြန်ဆိုးလိုက်တာလဲ။"

ထိုအမျိုးသား၏မျက်နှာမှာ အနည်းငယ်မှုန်မှိုင်းသွားရသည်။ ဒီလောက်နီးနေတာတောင် သူမ မှတ်မိသေးဘူးလား။ သူ ချီကျင့်ယွီကို မလွှတ်လိုက်တာ တော်သေးသည်။

"အဟွတ်..လင်ရှီး ကိုယ်ပါ။"

လင်ရှီး ကြောင်အ,သွားရသည်။

"ယိ..ယိကျစ်၊ ရှင်ဒီမှာဘာလုပ်နေတာလဲ။*

သူမအမျိုးသား၏ ချောမောမှုကို သူများတွေ မတပ်မက်စေလိုပါ!

"သူ့မှာလုပ်စရာတစ်ခုခုရှိနေလို့၊ ကိုယ်လာလိုက်တာ!"

ထိုသို့ဖြင့် သူအပေါ်ကုတ်ကို ကျော့မော့စွာ ချွတ်ကာ လင်ရှီး၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူ၏ရှည်သွယ်သော ခြေတံများက နေရာတစ်ကျပင် ထပ်ချိတ်ထားလျက်၊ သူ့ထံမှထုတ်လွှတ်‌နေသည့် ဆွဲဆောင်အားပြင်းသော အငွေ့အသက်များက လင်ရှီး၏ဝိဉာဉ်ကိုပင် တုန်ယင်သွားစေသည်။

ကြည့်ရတာ သူမတော့ ဒီအမျိုးသားဆီက တကယ်ပြုစားခံလိုက်ရပုံပေါ်သည်။ လင်ရှီးမှာ ခပ်မြန်မြန်ခေါင်းယမ်းလိုက်ပြီး သူ့ကိုခေါ်လိုက်ရခြင်း၏အကြောင်းရင်းဆီသို့ စိတ်ပြန်ရောက်သွားစေသည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now