Chapter 52

3.2K 293 1
                                    

Kiss Husband - 52

အပိုင်း (၅၂) အကြွေးမုန်တိုင်း (၅)

ကြယ်ပွင့်ကလေးများမှာ ကျောက်စိမ်းစများကဲ့သို့ ‌ညကောင်းကင်ပေါ် ကျဆင်းလာကြသည်။

"လင်ရှီး နောက်ကျနေပြီ၊ ဒီကနေ ဘတ်စ်ကားစီးသွားလို့လည်း မရဘူး၊ ဒီညဒီမှာပဲနေလိုက်ပါလား။*

လင်ရှီး ငြင်းရန်ပြင်စဉ်မှာပဲ မုန့်ဇစ်မြောင်၏ မကျေမနပ်ဖြစ်နေသောအသံကို ကြားလိုက်ရ၏။

"အမေ့ သူ့ကို ဒီအိမ်မှာမနေခိုင်းလို့ရမလား၊ နာမည်ကြီးသရုပ်ဆောင်လေ တအားနူးညံ့တာ၊ ဒီအိမ်သေးသေးလေးမှာ ကျွန်မတို့နဲ့ ဘယ်လိုလုပ်နေနိုင်မလဲ။

သူမတွင် ရန်ဖြစ်ဖို့အားရှိသေးသည်ကို တွေ့ရလျှင် အခု အဆင်ပြေသွားပြီဟု ဆိုလိုသည်။

မုန့်ရှင်းယန်က သူမကို အကြည့်တစ်ချက်ပေးလိုက်သော်လည်း မုန့်ဇစ်မြောင်ပြောတာလည်း မှန်သည်။ ရှီးအာမှာ ဒီအိမ်ကဘဝကို သေချာပေါက် ကျင့်သားရမည်မဟုတ်ပေ။

"ရှီးအာ၊ သမီးအမျိုးသားကို လာကြိုခိုင်းလိုက်ရင်ရော ဘယ်လိုလဲ။"

သူမ မုန့်ဇစ်မြောင်၏ အရွဲ့တိုက်ကာ မနာခံလိုသောမျက်နှာပေးလေးကို ကြည့်လိုက်သည်။ မုန့်ဇစ်မြောင်က သူမကို ဒီမှာမနေစေချင်မှာတော့ သူမ နေလိုက်ပေမည်။

"ရပါတယ် အမေရဲ့၊ ကျွန်မတို့သုံးယောက်ပဲ ဒီည အိပ်လိုက်ကြတာပေါ့။"

မုန့်ဇစ်မြောင်မှာ သရဲမြင်လိုက်ရသည့်အလား ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားရသည်။

"ရှင်တော့...."

အပျော်ရွှင်နေဆုံးကတော့ မုန့်ရှင်းယန်ပေ။ လင်ရှီး၏အဖေ 'သေ'သွားပြီးကတည်းက သူမ တစ်ရက်မှ မပျော်ရွှင်ခဲ့ရ။ လင်ရှီး၊ ဒီကလေးမှာ လက်ထပ်သွားပြီးနောက် သူမ အကျင့်စရိုက်က ယခင်ကလိုမဟုတ်တော့ပေ။ ဤသည်မှာ လင်ရှီးအမျိုးသား၏ကျေးဇူးဟု သူမထင်မိသည်။

"ကောင်းပြီ ငါ အိပ်ရာသွားပြင်လိုက်မယ်။"

"အမေ့ အိမ်မှာ ရေချိုးဖို့နေရာရှိလား။"

အိမ်အတွင်း လှည့်ပတ်ကြည့်လိုက်သောအခါ ရေချိုးခန်းမှာ တစ်စတုရန်းမီတာလောက်သာကျယ်သော မတ်တပ်တစ်နေရာရပ်လောက်စာသာ ရှိသည်ကို သူမတွေ့လိုက်ရသည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now