Chapter 16

3.8K 371 1
                                    

Kiss Husband - 16

အပိုင်း (၁၆) ဖုံးကွယ်ခြင်း။

နောက်တော့ သူမ အော်မုန့်ရွှယ်နဲ့တွေ့ခဲ့ပြီး အော်မုန့်ရွှယ်၏ အားပေးအားမြှောက်မှုကြောင့် သူမမိထွေးကို ကလန်ကဆန်လုပ်ခြင်းက ပို၍ဆိုးရွားလာခဲ့သည်။ သူမအဖေ၏သေဆုံးမှုကိုလည်း  သူမမိထွေးအပေါ် အပြစ်ပုံချခဲ့သည်။

တက္ကသိုလ် တက်သောအခါ သူမ၏ ကျောင်းလခများစွာနှင့် အသုံးစရိတ်တို့ကလည်း သူမမိထွေးကို အသက်ပင်မရှူနိုင်အောင် ဖြစ်စေခဲ့သည်။ သူမ မိထွေးအ‌တွက် ဘယ်တော့မှမစဉ်းစားပေးခဲ့၊ သူမသုံးဖြုန်းခဲ့သော ပိုက်ဆံအားလုံးက သူမအဖေ ချန်ထားခဲ့ခြင်းဟုသာ ထင်မှတ်ထားခဲ့လေသည်။

သို့သော် သူမ မသိခဲ့သည်မှာ သူမတစ်ယောက်တည်းအတွက်နှင့် သူမ၏ မောင်လေးနှင့် ညီမလေးတို့မှာ ကျောင်းထွက်ရလုနီးပါးပင် ဖြစ်ခဲ့ရသည်။ သူမ ‌တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ချီကျားယန်၏ ကုမ္ပဏီကို ဝင်ခဲ့သည်၊ သို့သော် လစာများကိုမူ သူမ အကြိမ်တိုင်း အပြောင်သုံးပစ်ခဲ့ပြီး သူမမိသားစုအတွက် တစ်ပြားမှပင် မပေးခဲ့ပါချေ။

တစ်နေ့တွင်တော့ မိထွေးက သူမကို ထူးဆန်းသော အမျိုးသားတစ်ယောက်နှင့် လက်ထပ်ခိုင်းခဲ့သောအခါ ကတောက်ကဆများက ပိုပြင်းထန်လာခဲ့သည်။ ထိုမိန်းမက မိမိသဘောကျသော အမျိုးသားမှာ ချီကျားယန်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိပါလျက်နှင့် မိမိကို မိမိမချစ်သောအမျိုးသားနှင့် လက်ထပ်စေချင်ခဲ့၏။

မိထွေးက ပိုက်ဆံအတွက်လုပ်ခဲ့သည်ဟု ထင်မှတ်ပြီး နောက်ပိုင်းတွင် သူမ မိထွေးဆီသို့ အကြိမ်ပေါင်းများစွာသွား၍ နှောင့်ယှက်ပြီး ဒေါသတကြီးဖြင့် ပြောဆိုခဲ့သည်။

"ဟုတ်ပြီလေ၊ ကျွန်မ သူနဲ့လက်ထပ်မယ်၊ ဒါပေမယ့် ရှင်တော့ တစ်ပြားမှရမှာမဟုတ်ဘူး၊ အခုကနေစပြီး ရှင်နဲ့ကျွန်မ ဘာမှမဆိုင်တော့ဘူး၊ ကျွန်မရှေ့မှာလည်း တစ်သက်လုံး ထပ်ပေါ်မလာပါနဲ့တော့။"

အခု ယခင်က မိထွေးလုပ်ခဲ့သမျှအားလုံးဟာ သူမ ကောင်းဖို့အတွက်သာဖြစ်ကြောင်း သူမ သိခဲ့ရပြီး ရင်ကွဲခဲ့ရ၏။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now