Kiss Husband - 61
အပိုင်း (၆၁) အကူအညီ။
ယခင်ဘဝတွင် သူမ အထင်လွဲခံခဲ့ရသည်။ သူမအဖွဲ့သားများမှာ ကကွက်ထွင်သည့်ကိစ္စအား b-king ကို တာဝန်ပေးခဲ့၍ သူမအား ဝိုင်းအပြစ်တင်ကြ၏၊ ဘယ်သူကမှ သူမအတွက် ထွက်လာမရှင်းပြပေးခဲ့၊ ထို့ကြောင့် သူမက ရှုးထင်ထင်အဖွဲ့၏ကကွက်များကို ကူးချခဲ့သည်ဟု လူတိုင်းကထင်သွားကြတော့သည်။
ထို့အပြင် အဖွဲ့တွင်ပြဿနာတက်လျှင် အကြီးဆုံးတာဝန်မှာ အကဲဖြတ်ဒိုင်ထံတွင် ရှိပေ၏။
"ခင်ဗျားမှာ လုပ်နိုင်စွမ်းရော အရည်အချင်းရောမရှိလို့ သူများဆီက ကူးချလိုက်တယ်ပေါ့၊ အကဲဖြတ်ဒိုင်လုပ်ဖို့မျက်နှာရော ရှိသေးရဲ့လား။"
"ခင်ဗျားအသိုင်းအဝိုင်းကိုပဲပြန်သွားပြီး သရုပ်ဆောင်နေလိုက်စမ်းပါ။"
"ငါသေလောက်အောင်နောင်တရနေပြီ၊ ဘာလို့လင်ရှီးကိုရွေးခဲ့မိတာပါလိမ့်ဟယ်၊ အခုတော့ ပြိုင်ပွဲကထွက်ရတော့မယ်။"
"ငါ ဒီပြိုင်ပွဲလာပြိုင်နိုင်ဖို့ ငါ့မိသားစုကို ခက်ခက်ခဲခဲ စည်းရုံးခဲ့ရတာ၊ ဝူးဝူးဝူး ဘာလုပ်ရပါ့၊ ငါဘယ်လိုမျက်နှာနဲ့ အိမ်ပြန်ရတော့ပါ့မလဲ။"
"ဘယ်လိုပဲဖြစ်ဖြစ် လင်ရှီးကိုပဲ အပြစ်တင်ရမှာပဲ၊ တခြားအဖွဲ့ တွေမှာ ကကွက်ထွင်တာ အကဲဖြတ်ဒိုင်တွေ တာဝန်ယူကြတာ၊ ဒါပေမယ့် ငါတို့အဖွဲ့ကတော့ ကောင်းပါ့၊ သူက တာဝန်ယူဖို့ကို ဒီတိုင်း b-king ကိုပဲ ရွေးချလိုက်တာ။"
ညင်းဆဲခြင်း၊ အပြစ်တင်ခြင်း၊ ငြင်းဆန်ခြင်း၊ အထင်လွဲခြင်း၊ သူမစိတ်က အမှန်တကယ်ပင် ညစ်ပတ်နေ၍ ထိုမသန့်ရှင်းသောကိစ္စမျိုးကို လုပ်ခဲ့သည့်နှယ်။
အော်မုန့်ရွှယ်၏ သတ်ချလိုက်သောအစီအစဉ်ကြောင့် ထိုကျိုးပဲ့မှုမတိုင်ခင် သူမ၏လမ်းကြောင်းက ချောမွေ့ဖြောင့်ဖြူးနေခဲ့သည်၊ ထို့ကြောင့် သူမမှာ ပထမဆုံး လူအများ၏ ထူးဆန်းသောမျက်လုံးများနှင့် အကြည့်ခံရကာ အညင်းဆဲခံခဲ့ရသဖြင့် သူမ သုံးရက်သုံးညမျှပင် စားမဝင်နိုင်ခဲ့ဘဲ ဆေးရုံပင်တင်ခဲ့ရသည်။