Chapter 92

2.4K 220 1
                                    

Kiss Husband - 92

အပိုင်း (၉၂) ကြိုမမြင်နိုင်ခဲ့သော အဖြစ်အပျက်။

"ချီကျားယန် ကျွန်မအရင်က ပြောခဲ့သလိုပဲ ကျွန်မ မှတ်ဉာဏ်ပျောက်သွားတာ လုံးဝမဟုတ်ဘူး၊ ကျွန်မက ရှင်နဲ့အော်မုန့်ရွှယ်တို့ ပုံစံအစစ်တွေကို မြင်ပြီးပြီမလို့ အဲဒီလိုပြောခဲ့တာ။"

လင်ရှီးက မှတ်ဉာဏ်မပျောက်သွားဘူး? ရွှီယိကျစ်၏တကိုယ်လုံး ချက်ချင်းတောင့်ခဲသွားရသည်။ မဖြစ်နိုင်ပေ။ လင်ရှီး မှတ်ဉာဏ်ပျောက်မသွားခဲ့လျှင် အဘယ်ကြောင့် သူ့ကို ချစ်မြတ်နိုးစွာဖြင့် "ယောင်္ကျား"ဟု ခေါ်လိမ့်မည်နည်း။ ညဘက်တွင်  သူမ အဘယ်သို့ သူနှင့်အတူ ကုတင်တစ်ခုတည်း ခေါင်းအုံးတစ်လုံးတည်း မျှသုံးနိုင်မည်နည်း။

သူ့စိတ်ထဲတွင် အသံတစ်သံက သူ့ကိုပြောနေဟန်၊ လင်ရှီးက မင်းကို လှည့်စားခဲ့တာ...။

"ကျွန်မမျက်လုံးထဲမှာတော့ ရှင်ကဆန်ကုန်မြေလေးသာသာပဲ၊ ပြီးတော့ အော်မုန့်ရွှယ်ကလည်း ကြာပန်းဖြူမ၊ ကျွန်မနဲ့ရှင်နဲ့ကြားက အဖြစ်အပျက်တွေအားလုံးကလည်း အပြင်ပန်းသက်သက်ပဲဆိုတာလည်း ရှင့်ကိုပြောထားလိုက်မယ်၊ ဒီအတောအတွင်း ကျွန်မ အများကြီးစဉ်းစားခဲ့ပြီးပြီ၊ အစကတည်းက ရှင့်အပေါ်ထားတဲ့ ကျွန်မခံစားချက်တွေက မှားနေခဲ့တာပဲ၊ ဆန်ကုန်မြေလေးနဲ့ ကြာပန်းဖြူမတို့က လိုက်ဖက်ကြပါပေတယ်၊ ဆိုတော့ ကျေးဇူးပြုပြီး လူ့အဖွဲ့အစည်းကို ဒုက္ခပေးဖို့ ထွက်မလာပါနဲ့တော့။"

ထိုအချိန်တွင် ရွှီယိကျစ်၏ဦးနှောက်မှာ ရှုပ်ထွေးသွားရပြီဖြစ်ကာ ကောင်းကောင်အလုပ်မလုပ်တော့ပေ။ သို့သော် တစ်ခဏကြာပြီးနောက် သူ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

"ဒါဆို...အဲဒီလူကိုရော မင်းဘယ်လိုထင်လဲ။"

လင်ရှီးမှာ ချက်ချင်းပင် ရင်ထဲနာကျင်သွားရသည်။ မူလက သူမ အနည်းငယ်ဒေါသထွက်နေခဲ့၏၊ မိမိအမျိုးသားက ကြာပန်းဖြူမထံမှ အသုံးချခံလိုက်ရခြင်း၊ သို့သော် ဒါက သူ သူမကို အင်မတန်ချစ်ကြောင်း ပြနေတာပဲမဟုတ်လား။

လင်ရှီး၏မျက်လုံးများက ဖြည်းဖြည်းချင်း နူးညံ့လာသည်၊ အချစ်၏စွမ်းအင်များတွင် နစ်မြုပ်သွားရသော မိန်းမငယ်လေးတစ်ယောက်အလား။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now