Kiss Husband - 80
အပိုင်း (၈၀) ဂုဏ်ပြုဧည့်ခံပွဲ။
"ကော ဒီလောက်နောက်ကျနေပြီ၊ ဘာလို့ 'ယိလင်'ဆီသွားနေတာတုန်း။"
အရှေ့တွင် ကားမောင်းနေသော ချီကျင့်ယွီက သူ့ကို စပ်စုစွာ ကြည့်လာသည်။ သူတို့ဥက္ကဌ၊ သူတို့ဘော့စ်က ထိုနေရာသို့ သွားခဲ၏။
"မရီးရဲ့ဂုဏ်ပြုစားပွဲကြောင့်လား။"
ရွှီယိကျစ်က ခပ်ဖွဖွ 'အင်း'ဟုပြောလိုက်ကာ သူ့ကို သတိပေးလိုက်၏။
"ငါတို့ဆက်ဆံရေးကို သူများတွေ မသိစေချင်ဘူး။"
"ဒါပေါ့ ဒါပေါ့၊ ခဏလေး ကျွန်တော်ဖုန်းကိုင်လိုက်ဦးမယ်။"
"ဟယ်လို ဘာလဲ? ထုတ်လုပ်ရေးဘက်က ဘာဖြစ်တာလဲ၊ နေဦး ငါဥက္ကဌနဲ့ တစ်ချက် check လိုက်ဦးမယ်။"
"ဘာဖြစ်လို့လဲ။"
"အဟွတ် နည်းပညာထုတ်လုပ်ရေးလိုင်းဘက်မှာ ပြဿနာတစ်ခုတက်နေတယ်၊ ကြည့်ရတာ အစီအစဉ် ပြန်လုပ်ရမယ့်ပုံပဲ၊ ကျွန်တော်တို့ အဲဒီကိုပဲ သွားကြမလား။"
ရွှီယိကျစ် မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။
"သွားကြတာပေါ့!"
"ရူကျဲ၊ လင်ရှီးက ရှင့်ဇာတ်ကောင်ကိုယူသွားတယ်ကြားတယ်၊ တကယ်ကြီးလား။"
ဒီလိုအတင်းအဖျင်းအကြီးကြီးကို သူတို့ စိတ်ဝင်စားနေကြသည်မှာ အသေအချာပင်။
ယောင်ရူက သားရေဆိုဖာပေါ် အကျအနထိုင်လျက် သူတို့ကို ကြည့်လိုက်သည်။ ဝေနက ချက်ချင်းပြောလာ၏။
"ဘယ်လိုလုပ် တကယ်မဟုတ်ရမှာလဲ၊ နဂိုကတော့ ယောင်ရူဆိုတာ Wille က အတည်ပြုထားပြီးသား၊ ကျွန်မတို့ ထွက်သွားတာနဲ့ ဇာတ်ကောင်နေရာပြောင်းသွားမယ်လို့ ဘယ်သူသိမှာလဲရှင်၊ ဘာတွေဖြစ်သွားလဲဆိုတာတော့ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။"
"သူ့ကို ဒီလောက် 'အချက်အလက်စုံ'လိမ့်မယ် မထင်ထားဘူး၊ ဒုတိယအဆင့်သရုပ်ဆောင်လေးပဲကို ဒါရိုက်တာရဲ့ အကြိုက်ကိုရသွားတာ။"
ဝေန၏စကားများက သူတို့မသ်ကာစိတ်ကို တိုးလာစေသည်။
"သူက ဒါရိုက်တာကို 'အဲဒါ'နဲ့ အလဲအလှယ်လုပ်လိုက်တာတော့ မဟုတ်ဘူးမလား။"