Kiss Husband - 34
အပိုင်း (၃၄) ပြောင်းပြန်အခြေအနေ။
"သမီးအထင်မလွဲလိုက်နဲ့နော်၊ တို့မိဘတွေ ဝမ်းသာရတာ နောက်ကျနေပြီဆိုပေမယ့်လည်း လုံးဝကန့်ကွက်တာမျိုး မရှိပါဘူး။"
"ငါတို့ယိကျစ်ကလေ၊ ငယ်ငယ်တည်းက အလိုလိုက်ခံထားရတော့ သူများကို ဘယ်လိုချစ်ပြရမလဲမသိဘူး။"
ဪ အဲ့လိုလား။
"အမြဲအေးတိအေးစက်ဖြစ်နေတဲ့ သူ့မျက်နှာကြီးကို မကြည့်နဲ့၊ တကယ်တော့ သူက အတော်မာနကြီးတာ၊ သူ့ပါးစပ်က မကြိုက်ဘူးပြောရင် အဲဒါ သူ ကြိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။"
ဒါကတော့ အမှန်ပဲ။
သခင်ကြီးက ခပ်ဖွဖွချောင်းဟန့်လိုက်ကာ သူ့လေးနက်နေသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ကလေးမ၊ မင်းမှာ သဘောကျနေတဲ့သူ ရှိလား။"
စူးကျစ်ယန်နှင့် ရွှီရှင်းရုန်တို့နှစ်ယောက်စလုံး သူ့ကို ကြည့်လိုက်ကြသည်။ အဖေဒီမေးခွန်းကို မေးလိုက်တာ လုံးဝအဓိကပဲ၊ ဒါကို သူတို့သိချင်နေတာ။ လင်ရှီးက ဘာလို့ ယိကျစ်ကို ကွာရှင်းချင်ရတာများလဲ။
လင်ရှီးမှာ သူတို့အပြုအမူကြောင့် ခေါင်းရှုပ်သွားရသည်၊ သူတို့ကို ဘယ်လိုစိတ်ကျေနပ်စေရမလဲ သူမ မသိတော့ပေ။ ထို့ကြောင့် သူမ ပါးနပ်စွာသာ ဖြေရတော့သည်။
"ကျွန်မမှာ သဘောကျနေတဲ့သူရှိပါတယ်၊ ယိကျစ်လေ။"
သူမက မိမိတို့စိတ်ကျေနပ်စေရန်အတွက်သာ အဖြေပေးလိုက်ခြင်းဖြစ်မည်ကို စိုးရိမ်၍ စူးကျစ်ယန်က ချက်ချင်းပြောလိုက်သည်။
"လင်ရှီး စိတ်ပူစရာမလိုဘူးနော်၊ တခြားကောင်လေးတစ်ယောက်ကို သဘောကျနေရင်တောင် ကိစ္စမရှိပါဘူး။"
သခင်ကြီးက မကျေမနပ်ဖြစ်သွားသည်။
"မင်းဘာစကားတွေပြောနေတာတုန်း။"
"သမီး ယိကျစ်နဲ့ မကွာရှင်းသ၍ အဆင်ပြေပါတယ်။"
သုံးယောက်သားမှာ အဆုံးတော့ ညီညွတ်သွားကြပြီး ကျန်နှစ်ယောက်ကလည်း တစ်ချိန်တည်း သံယောင်လိုက်ပြောကြသည်။