အခန်း (၁၂၅) ရှန်ရှောင်ရှို့လေးဟာ အိမ်အတွက်ဆို သိပ်သိတတ်တယ်နော်!

2.6K 443 90
                                    

အခန်း (၁၂၅) ရှန်ရှောင်ရှို့လေးဟာ အိမ်အတွက်ဆို သိပ်သိတတ်တယ်နော်!

【သူ့ယောကျ်ားအတွက်ပဲ သိပ်စဉ်းစားပေးတတ်တယ်!】

ပြည်သူများ၏ စကားအတိုင်းပါပင်။ လီထျယ်ရှို၏ အိမ်ရာဝန်းဟာ ကျယ်ဝန်းလွန်း၍ ဆွံ့အရသည်။ ဧည့်သည်များအတွက် အဆောင်ခြံဝန်းကပင်လျှင် ပန်းပုအနုပညာ အလှပန်းခက်တို့ဖြင့် ထွင်းဆစ်ထားသော သုံးထပ်မြင့် အဆောက်အဦးလေးများ ဖြစ်သည်။ တကယ့်ကို ရွှေရောင်တောက်ပကာ ထည်ဝါခမ်းနားလွန်းလှပါ၏!

"လတ်စသတ်တော့ လီထျယ်ရှိုတို့အိမ်က သည်လောက်တောင် ချမ်းသာတာပဲ"

ရှန်ချန်းလင်သည် အိပ်ခန်းထဲတွင် ဟိုဟိုသည်သည် ပတ်၍ လေ့လာပြီးနောက် စုတ်သပ်၍ ပြောလာသည်။

"အဲတာကြောင့်မို့ ချင်ဟွိုင်မြစ်ရဲ့ အလှထိပ်ခေါင်လေးကို ပြန်ဝယ်(ရွေး)နိုင်တဲ့အစွမ်းအစ ရှိတာ မထူးဆန်းတော့ပါဘူး"

"ခေါင်းစည်းနာမည်ကသာ ချင်ဟွိုင်နံပါတ်တစ် အဆိုမယ်လေ၊ တကယ်တမ်း ဇာစ်မြစ်လိုက်မယ်ဆို သာမန်လေလွင့်နေရတဲ့ မိန်းမသားတစ်ယောက်ပါပဲ၊ တကယ်လို့ ငွေကြေးအသပြာနဲ့အရဆို သိုင်းလောကရဲ့ နာမည်ကြီး ဂိုဏ်းပေါင်းများစွာအတွက်တော့ အလွယ်တကူ သူ(မ)ကို ပြန်ဝယ်နိုင်တာချည်းပါပဲ"

ချင်ရှောက်ယွီက ရှင်းပြသည်။

"ဒါက ချမ်းသာကြွယ်ဝမှုနဲ့ မဆိုင်ဘူး"

"အဲတာဆို မင်းရော တစ်ယောက်လောက် ပြန်ဝယ်ချင်နေတာလား?"

ရှန်ရှောင်ရှို့က မျက်လုံးလေးများ မှေးမြောင်း၍ ဆိုလိုက်သည်။ ချင်ရှောက်ယွီသည် သူ့ကြောင့် ရယ်ချင်သွားပြီး -

"ကိုယ့်အိမ်မှာ ရှာလကာရည်အိုးလေး တစ်အိုးရှိနေတာကို... ကိုယ် ဘယ်လိုလုပ် လုပ်ရဲမှာလဲနော်"

သည်လောက်မှ တော်ကာကျမယ်!

ရှန်ချန်းလင်သည် မိမိအတွက် ရေနွေးတစ်ခွက် ငှဲ့လိုက်ပြီး -

"အဲတာဆို သိုင်းလောကရဲ့ လူတွေအများကြီးက သူ(မ)ကို လုပြီး ပြန်ရွေးပေးချင်နေကြတာလား?"

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now