အခန်း(၂၀၅) ဒဏ်ရာတွေကို ပတ်တီးစည်းခြင်း
ဆရာရှန်းက ရယ်မောလိုက်ပြီး ကျမ့်ယိလင်ကို စိတ်ဝင်စားမှုများပြည့်နှက်နေတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါသည်။ "ငါ့ကို အဲ့လိုရဲရဲတင်းတင်း ခိုင်းရဲတာ မင်းပထမဆုံးပဲ"
"ရှင့်လက်ပေါ်က ဒဏ်ရာကို ပတ်တီးပြန်စည်းဖို့လိုတယ်" ကျမ့်ယိလင် ထပ်ပြောလိုက်သည်။
ယွီရှိကလည်း ခပ်မြန်မြန်ပဲ ဝင်ပြောလိုက်သည်။ "ဟုတ်တယ် ဟုတ်တယ်။ ကျမ့်ယိလင်ပြောတာမှန်တယ်! ဆရာရှန်း ပတ်တီးကိုကြည့်ပါဦး။ သွေးတွေ စိုရွှဲနေတာပဲ!"
ကျမ့်ယိလင်ကို ကျိုက်ယွင်ရှန်း ခဏလောက်စိုက်ကြည့်နေပြီးမှ သူမစကားနားထောင်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ခုနကမှ ဝတ်ထားတဲ့ အင်္ကျီကို ပြန်ချွတ်လိုက်ပါသည်။
သူ့အင်္ကျီချွတ်ပုံကို ကျမ့်ယိလင် စောင့်ကြည့်နေသည်။ သူ့ဒဏ်ရာကို ပိုဆိုးသွားအောင် လုပ်မိမှာမျိုးမဖြစ်စေချင်ပေ။
ကျမ့်ယိလင် သူ့ကို ဘယ်လောက်ဂရုတစိုက် ပြုစုနေလဲဆိုတာကိုမြင်ပြီး ကျိုက်ယွင်ရှန်း နှုတ်ခမ်းထောင့်တွေ အပြုံးမရပ်နိုင်တော့ပါ။
ထို့နောက် ကျမ့်ယိလင်က ကျိုက်ယွင်ရှန်း လက်ပေါ်ရှိ ပက်တီးကိုဖြည်လိုက်သည်။
လက်ဖဝါးနဲ့ယှဉ်ရင် ကျမ့်ယိလင်ရဲ့ လက်ချောင်းလေးများက အတော်လေးရှည်လျားပါသည်။
သို့သော်လည်း သူမရဲ့ ခန္ဓာကိုယ်က သူများတွေထက် သိသိသာသာ သေးငယ်သည်။ ထို့ကြောင့် သာမန်လူတစ်ယောက်နဲဲ့ ယှဉ်လျှင် သူမရဲ့လက်ချောင်းလေးများက တိုနေဆဲဖြစ်ပါသည်။
သူမရဲ့ သေးသွယ်ပြီး ဖြူဖပ်နေတဲ့ လက်ချောင်းလေးများက ကျိုက်ယွင်ရှန်းရဲ့ လက်ပေါ်က ပတ်တီးကို ဖြည်းဖြည်းနဲ့မှန််မှန်န ဖြည်ပေးနိုင်ပါသည်။
သူမရဲ့ လှုပ်ရှားမှုများက စကေးကြွယ်ပြီး တည်ငြိမ်သည်။ လက်ချောင်းလေးများကလည်း ပေါ့ပါးပြီး သွက်လက်၏။
ကျိုက်ယွင်ရှန်း ခေါင်းစောင်းကာ ကျမ့်ယိလင်ကို ကြည့်လိုက်၏။ ကိုယ်တိုင်သတိမထားမိဘဲ သူ့နားရွက်တွေ နီလာပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။