အခန်း(၂၃၁+၂၃၂)

1.2K 116 0
                                    

အခန်း(၂၃၁) ပရဟိတညစာစားပွဲ(၂)

လူထုရှေ့မှာ တူမကို မသိချင်ယောင် ဆောင်လို့တော့ မရပေ။ ထိုသို့ မသိချင်ယောင်ဆောင်လိုက်ပါက သူမ လိပ်ပြာမလုံသလို ဖြစ်နေပါလိမ့်မည်။

သို့သော်လည်း ကျမ့်ယိလင်ရှေ့ကို ဟဲယန်ရောက်သွားတော့ ကျမ့်ယိလင်တစ်ယောက်တည်း ရောက်လာတာဖြစ်မှန်း တွေ့လိုက်ရသည်။ မိိဘတွေလည်းမပါ တခြား ဘယ်သူမှ မပါပေ။

"ယိလင် ဘာလို့ တစ်ယောက်တည်းလာခဲ့တာလဲ" ကျမ့်ယုမင်က စပ်စုစွာဖြင့် မေးလိုက်သည်။

"ဒီတိုင်း လာကြည့်တာပါ" ကျမ့်ယိလင် ပြန်ဖြေလိုက်၏။

ထိုလူက သူမကို ဒီနေ့မှ ဘာကြောင့်တွေ့ချင်တာလဲ ကျမ့်ယိလင်မသိပေ။ ထို့အပြင် ဒီလိုပွဲတော်မျိုးမှာ ဘာကြောင့် တွေ့ဆုံရတာလဲဆိုတာကိုလည်း မသိပါ။

သူမ တခြားအကြောင်းအရင်းကြောင့် လာခဲ့တာမဟုတ်ပေ။ ထို့ကြောင့် လျှောက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။

"နင့်အမေဘယ်မှာလဲ။ နင့်ကိုတစ်ယောက်တည်း ဘာလို့လာခွင့်ပေးလိုက်တာလဲ" ကျမ့်ယုမင် အလောတကြီး မေးလိုက်ပါသည်။ မျက်မှောင်တွေလည်း ကြုတ်သွားရ၏။ မသိတဲ့လူဆို သူ့ကို ဒေါသထွက်နေသည်ဟု ထင်သွားပါလိမ့်မည်။

ကျမ့်ယုမင်ရဲ့ စိတ်ထဲမှာတော့ ကျမ့်ယိလင်က ကလေးလေးတစ်ယောက်သာ ဖြစ်သည်။ တစ်ယောက်တည်း အပြင်ထွက်ရင် လမ်းပျောက်သွားနိုင်သည်။

"အေး ဟုတ်တယ်။ ဝမ်းနွမ်ဘယ်မှာလဲ။ ဘာလို့ သမီးနဲ့အတူ ရှိမနေတာလဲ" ဟဲယန်ရဲ့ စိတ်ထဲမှာလည်း ထိုနည်းလည်းကောင်း မေးခွန်းမျိုးရှိနေသည်။ သို့သော်လည်း သူမရဲ့ရည်ရွယ်ချက်ကတော့ ကျမ့်ယုမင်နဲ့ လုံးဝ ခြားနားပါသည်။

"သမီးတစ်ယောက်တည်းပါ" ကျမ့်ယိလင် ပြန်ဖြေလိုက်သည်။

"ဘာလို့တစ်ယောက်တည်း လာခဲ့တာလဲ။ ဒီလိုပွဲမျိုးကို!" ကျမ့်ယုမင် အော်လိုက်၏။ သူ့ညီမ တစ်ယောက်တည်း ရောက်လာတာ အလွန်အန္တရာယ်များပါသည်။ ဒီလိုပွဲတော်မျိုးတွေမှာ ဝံပုလွေတွေ၊ ကျားတွေ အများကြီးရှိတတ်သည်။ ထို့ကြောင့် ကျမ့်ယိလင်လေး တစ်ယောက်တည်းရောက်လာတာက လက်သင့်မခံနိုင်စရာပင်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now