အခန်း(၄၀၇) ကလေးမလေးတစ်ယောက်က ဗီဒီယိုဂိမ်း ကစားနေတာလား
အဖွဲ့နှစ်ဖွဲ့စလုံး ပြိုင်ပွဲအခမ်းအနားထဲ ဝင်ရောက်လာကြပါသည်။
[Domination] အဖွဲ့ဝင် ၄ ယောက် ပရိတ်သတ်ရှေ့ကို ရောက်ရှိလာခဲ့လေပြီ။
သူတို့အဖွဲ့ ယူနီဖောင်းက ကိုရီးယား အထက်တန်းကျောင်းသား ယူနီဖောင်းတွေနဲ့ ဆင်တူပါသည်။ ကျမ့်ယိလင်က မနေ့တုန်းက စကတ်ကိုပဲ ဝတ်ဆင်ထားဆဲဖြစ်သည်။
ကျိုက်ယွင်ရှန်း၊ ကျမ့်ယိလင်၊ ကျမ့်ယုကျဲ၊ ယွီရှိတို့ အားလုံးက အလွန်ကြည့်ကောင်းကြပါသည်။ သူတို့၏ ပုံပန်းသဏ္ဌာန်များက ပရိတ်သတ်အတွက် အလွန်မျက်စိကျစရာကောင်းလွန်းသည်။
ပရိတ်သတ်တချို့က စိတ်လှုပ်ရှား ပျော်ရွှင််စွာဖြင့် အားပေးကြသည်။ အထူးသဖြင့် 'ဝိုး'ဟု ဝိုင်းအော်ကြသည့် မိန်းကလေးတွေ ပိုများပါသည်။
တစ်ချိန်တည်းမှာပဲ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းများမှ ကြည့်ရှုနေကြသည့် အွန်လိုင်း ပရိတ်သတ်များထံမှ တုန့်ပြန်မှုကောင်းတွေလည်း ရခဲ့ပါသည်။
[ဝိုး သူတို့က အရမ်းချောတာပဲ! သွားရည်တောင် ကျလာပြီ!]
[ဝိုး ပထမဆုံးထွက်လာတဲ့လူက ဘယ်သူလဲ။ သူ့မျက်နှာက အရမ်းအေးစက်နေပေမယ့် အရမ်း ချောတာပဲ! သူက ဆယ်လီတစ်ယောက်လား ဘာလား]
[ဓာတ်ပုံတွေကို မြင်တုန်းက အဖွဲ့ဝင်တွေကို ပိုကြည့်ကောင်းအောင် ပြုပြင်ထားတာလို့ ထင်ထားတာ။ ဒါပေမယ့် အခုသူက တကယ်ကြီး ချောတာပဲ!]
[ကလေးမလေးကလည်း အရမ်းချစ်ဖို့ကောင်းတယ်! သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ]
[အေး သူ့မျက်နှာကို ရင်းနှီးနေသလိုပဲ။ အရင်ဓာတ်ပုံတုန်းက သူ့မျက်နှာကို ဘေးတိုက်ပဲ မြင်ခဲ့ရတာ။ ဒီနေ့ကျမှ ရှီးမင်ယုရဲ့ ညီမလေးနဲ့ နည်းနည်းတူနေသလိုပဲ! ဂျူပီတာအဖွဲ့ရဲ့ အိုင်ဒေါ တစ်ယောက်ရဲ့ ညီမလေးလေ!]
သူတို့ ၄ ယောက်သား၏ ပုံပန်းသဏ္ဌာန်များကြောင့် ဆက်တိုက်ချီးကျူးခံနေရပါသည်။ သို့သော် ထိုသို့ ချီးကျူးခံရမှုကြောင့် တချို့လူတွေက ပိုပြီး ဒေါသထွက်လာကြပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။