အခန်း(၂၇၇) MV ရဲ့ ဇာတ်လိုက်မင်းသမီးက ကျမ့်ယိလင်
ထို့အပြင် ဟုံပိုင်ကျန်းက သူတို့သုတေသနအဖွဲ့အစည်းက လူတွေလောက် ပါရမီနဲ့ အစွမ်းအစမရှိသော်လည်း အနှစ်ချုပ်အားဖြင့် ထူးချွန်တဲ့လူတစ်ယောက်တော့ ဖြစ်နေပါသေးသည်။ ထို့အပြင် သူက ထုံတဲကိုယ်ပိုင် ဆေးရုံကြီးရဲ့ ဒါရိုက်တာလည်းဖြစ်သည်။ ဆိုလိုတာက ဆေးပညာလောကထဲမှာ အဆက်အသွယ်နဲ့ ရင်းမြစ်အများကြီးရှိပါသည်။
လောင်ရွှေအန်းခေတ္တစဉ်းစားကြည့်လိုက်ပြီး အငြင်းဆက်မပွားဖို့ ဆုံးဖြတ်လိုက်သည်။ ထို့အစား ကျမ့်ယိလင်လေး ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှာကိုသာ စောင့်နေလိုက်ပါသည်။
ကျမ့်ယိလင်လည်း အချိန်ခဏလောက် စဉ်းစားလိုက်ပြီး ဟုံပိုင်ကျန်းရဲ့တောင်းဆိုချက်ကို သဘောတူလိုက်ပါသည်။ "ဟုတ်ပြီ ကျွန်မ သဘောတူတယ်"
သူ့တောင်းဆိုချက်က သူမကိုင်တွယ်ဖို့ အရမ်းကြီး မခက်ခဲတာကြောင့်ဖြစ်ပါသည်။ ထို့အပြင် ဆေးရုံက အချက်အလက်မှတ်တမ်းတွေကို တရားဝင်နည်းလမ်းနဲ့ ကြည့်ဖို့ကလည်း ဒီနည်းပဲ ရှိပါသည်။
ကျမ့်ယိလင်ရဲ့အဖြေကို ဟုံပိုင်ကျန်းကြားလိုက်တာနဲ့ အလွန်ပျော်လွန်းသဖြင့် ပါးစပ်တောင် မပိတ်နိုင်တော့ပါ။
ကိုယ့်ကိုယ်ကို အလွန်ဂုဏ်ယူမိသွားသည်။
ဒီနေ့ ထုံတဲကိုယ်ပိုင်ဆေးရုံကြီးက ဒေါက်တာ F.S ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်နိုင်ခဲ့သည်။
ထို့အပြင် ဒေါက်တာ F.S နဲ့စကားပြောခွင့်လည်း ရခဲ့ပါသည်။
နောက်ဆုံးတော့ ဒေါက်တာ F.S ဆီက လမ်းညွှန်မှုကို ရတော့မည်။
ပြီးပြည့်စုံတဲ့ ဖြေရှင်းချက်တစ်ခုပင်။
သို့သော်လည်း လောင်ရွှေအန်းက ထပ်ပြောလိုက်သည်။ "ယိလင်လေး ရှင့်ဆေးရုံကြီးမှာ အတိုင်ပင်ခံလုပ်ပေးတဲ့အတွက် ပိုက်ဆံတော့ပေးရမယ်နော်! တစ်လကို ပြဿနာ ဘယ်နှခုပဲရှင်းရှင်းရ အရေးမကြီးဘူး။ ရှင်မှတ်မိရမှာက ဒေါက်တာ F.S ဆိုတဲ့ နာမည်တစ်ခုတည်းနဲ့တင် ရှင့်ဆေးရုံကြီးအတွက် အကျိုးကျေးဇူးတွေအများကြီး ယူဆောင်လာပေးမှာ! တခြားအတိုင်ပင်ခံသမားတော်တွေနည်းတူ သူ့ကို လစာပေးရမယ်!"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။