အခန်း(၃၇၇) ဉာဏ်လျှင်မှု တိုက်ပွဲ (၁)
ညအချိန်...
လူသူကင်းမဲ့ကျွန်းကြီးပေါ်က ကြယ်ရောင်စုံညကောင်းကင်ကြီးမှာ အလွန်လှပလွန်းပါသည်။
သို့သော်လည်း ဒီနေ့ ကျွန်းပေါ်က ဧည့်သည်အများစုက ကြယ်ရောင်စုံကောင်းကင်ကြီးကို ခံစားဖို့ စိတ်မပါပေ။
အဘယ့်ကြောင့်ဆိုသော် ညဘက်တွင် လေတွေစတင်ထန်လာပြီဖြစ်တာကြောင့်ပင်။
ပင်လယ်လေပြည်က နေ့ဘက်တုန်းက သူတို့ကြိုးစားပမ်းစား တည်ဆောက်ထားသည့် 'တဲ'များကို တိုက်ချသွားသည်။
ကျမ့်ယိလင်နဲ့ ကျမ့်ယုမင်တို့၏ တဲကလွဲလို့ တခြားတဲတွေအားလုံး လဲကုန်ပါသည်။ မောင်နှမနှစ်ယောက် သုံးနေသည့်တဲက ရတနာသေတ္တာတစ်လုံးကို ဖွင့်ပြီးနောက် ရရှိထားသည့် ပရော်ဖက်ရှင်နယ်တဲတစ်လုံးဖြစ်သည်။ သို့သော်လည်း တခြားအဖွဲ့တွေကတော့ သူတို့လောက်ကံမကောင်းကြပါ။။ တခြားအဖွဲ့တွေက လူသူကင်းမဲ့ကျွန်းပေါ်မှာ တွေ့ရသည့် ကုန်ကြမ်းများဖြင့်သာ တဲတွေကို တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုတဲများ၏ အကြမ်းခံနိုင်ရည်က အတော်နိမ့်ပါသည်။
မိုရှစ်ယွင်နဲ့ သူမအမေ၏ တဲတောင် ပြိုသွားပါသည်။ နေ့လည်ခင်းတုန်းက မိုရှစ်ယွင်၏ ပရိတ်သတ်များက ဒီ'ခိုင်မာတောင့်တင်း'သည့်တဲကို ကြွားဝါခဲ့ကြသည်။ တဲကအလွန်ခိုင်ခံ့သည့်ပုံပေါက်သော်လည် လေပြင်းကိုတော့ ခံနိုင်ရည်မရှိခဲ့ပါ။ သူမတို့ သားအမိ လေပြင်းများအကြား တဲကိုကယ်တင်ဖို့ ကြိုးစားရသေးသည်။
ကျမ့်ယုမင်နဲဲ့ ကျမ့်ယိလင်က တဲတစ်ယောက်တစ်လုံးစီရှိကြသည်။ ထို့အပြင် တဲတစ်ခုစီထဲမှာလည်း အိပ်ရာခင်းအိတ်များ ရှိကြပါသည်။
သူတို့နှစ်ယောက် ကိုယ့်အိပ်ရာခင်းအိတ်ထဲမှာကိုယ် အိပ်စက်ကြသည်။ ထို့အပြင် သူတို့တဲတွေက နွေးထွေးပြီး ခိုင်မာသည်။ လေပြင်းကိုခံနိုင်ရည်ရှိပါသည်။
ဒီလိုနဲ့ ကျမ့်ယုမင်တို့အဖွဲ့နဲ့ တခြားအဖွဲ့များ၏ ကွာခြားချက်က ထင်ရှားလာပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။