အခန်း(၃၉၅) ဆန်းကြယ်တဲ့ ကျွမ်းကျင်ပညာရှင် (၂)
အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းက ဒီလောကထဲမှာ အတော်ဆုံးတွေထဲကပဲဖြစ်သည်။
သူတို့တစ်ယောက်ချင်းစီတိုင်း၏ ဆုံးဖြတ်ချက်ခိုင်မာမှု ယုံကြည်မှုတို့ကြောင့် သူ့ဖိုင်နယ်ထုတ်ကုန်ဖြစ်လာခဲ့တာ ဖြစ်သည်။
သခင်ကြီးလျန်က ပါရမီရှင်တွေကို အသိအမှတ်ပြုပါသည်။ သို့သော်လည်း သူက စီးပွားရေးသမားလုံးလုံးတော့ မဟုတ်ပေ။ ငွေရှာဖို့ဆိုတာထက် ထုတ်ကုန်ကိုပဲ ပိုစိတ်ဝင်စားသူဖြစ်သည်။
သူ့ကို ဒီအသိုင်းအဝိုင်းထဲမှာ လေးစားကြသည့် အကြောင်းအရင်းထဲကတစ်ခုလည်းဖြစ်သည်။
အဖွဲ့ဝင်များကို တစ်ယောက်ပြီးတစ်ယောက် သူမိတ်ဆက်ပေးလိုက်ပါသည်။
နောက်ဆုံးတော့ ပရိတ်သတ်ကို သခင်ကြီးလျန် ပြောလိုက်သည်. "တကယ်တော့ နည်းပညာအခက်အခဲတွေအပြင် ဒီတစ်ခေါက် ကျွန်တော်တို့ ကုမ္ပဏီက နောက်ထပ်ပြဿနာတစ်ခုနဲ့လည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။ ကျွန်တော်တို့ ဒြပ်ထုပြဿနာတစ်ခုကို ဖြေရှင်းခဲ့ရတယ်..."
"ဒီတစ်ခေါက် ကျွန်တော်တို့ရဲ့ထုတ်ကုန်က ဆေးအထောက်အပံ့အဖြစ် လူသားခန္ဓာကိုယ်ထဲမှ ထည့်သွင်းရတဲ့ ပစ္စည်းပါ။ အဲ့တာကြောင့်အသုံးပြုထားတဲ့ ဒြပ်ထုတွေက လူသားသွေးနဲ့ ကိုက်ညီမှုရှိရမယ်။ ဇီဝကိုက်ညီမှုရှိရမှာ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ထုတ်ကုန်ကနေ လိုအပ်ချက်ရှိတဲ့ ဝိသေသလက္ခာတွေအားလုံးကိုလည်း ပြည့်မှီရမယ်..."
သခင်ကြီးလျန်က သူကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများအကြောင်းကို သခင်ကြီးလျန်က စကားလုံးတွေအများကြီးသုံးကာ ဖော်ပြလိုက်ပါသည်။ ဒီလုပ်ငန်းစဉ်တစ်ခုလုံးက အလွန်ခက်ခဲခဲ့ကြောင်း အားလုံးကို အသိပေးခဲ့သည်။ တစ်ချိန်တည်းမှာပဲ ဆက်ပြောမည့်ကိစ္စအတွက် စကားစလိုက်ခြင်းလည်းဖြစ်သည်။
ဒီပရောဂျက်အတွက် ငှားရမ်းခဲ့သည့် အဆင့်မြင့်နည်းပညာပါရမီရှင်ကို သခင်ကြီးလျန် မိတ်ဆက်ပေးတော့မည် ဆိုတာကို လူအနည်းငယ်သာသိပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။