အခန်း(၂၅၁+၂၅၂)

1.1K 124 1
                                    

အခန်း(၂၅၁) ဘာလို့ လောင်ရွှန်းပါ လက်ဆောင်ရတာလဲ

အရင်တုန်းက ကျမ့်ယိလင်လေးဆီက သူရခဲ့တဲ့လက်ဆောင်တွေဆိုလို့ မျက်ရည်၊ နှပ်ချေး သို့မဟုတ် သေးများသာရှိသည်။ သူ့ဘောင်းဘီတစ်ထည်လုံးကိုတောင် သေးစိုရွှဲအောင် လုပ်ခဲ့သေး၏။

အကောင်းဆုံးရရှိခဲ့တဲ့ လက်ဆောင်ဆိုလို့ ကျမ့်ယိလင်လေး နေမကောင်းတုန်းက ပေးခဲ့တဲ့ ၈.၈၀ ဒေါ်လာတန် စာအိတ်နီ ၅ အိတ်သာဖြစ်လိမ့်မည်။

"ဘုရားရေ မနာလိုလိုက်တာကွာ!" လောင်ရွှန်းက အော်လိုက်ပြီး ကျမ့်ယုမင်အနားကိုသွားလိုက်သည်။ ကျမ့်ယုမင်ရဲ့ လက်ထဲက စက္ကူအိတ်ကို စပ်စုစွာဖြင့် ကြည့်လိုက်ပါသည်။

"ငါလည်း မနာလိုဖြစ်တယ်! မတရားဘူး! ဘာလိုငါတို့ကျတော့ ဂုဏ်ပြုလက်တောင် မရတာလဲ။ အား!!! မတရားဘူးကွာ!"

"အေး! ရင်နာဖို့ကောင်းတယ်! ဒီနေ့ အောင်ပွဲခံညစာစားပွဲကလည်း အရသာမရှိတော့ဘူး!"

အဖွဲ့ဝင်တွေတစ်ယောက်ပြီးတစ်ယောက် မနာလိုမှုနဲ့ အားကျမှုတွေကို ထုတ်ပြောကြလေသည်။

လုံးဝ မတရားပေ။ သူတို့မှာ ညီမလေးမရှိကြပါ။ ကိုယ့်အစ်ကိုအတွက် လက်ဆောင်ကို သိတတ်စွာ ပြင်ဆင်ပေးတတ်တဲ့ ညီမလေးဆို ပိုဆိုးပါသည်။

လောင်ရွှန်းက ကျမ့်ယုမင်ကို ပွစိပွစိ ဆက်တိုက်ပြောနေသည်။ ကျမ့်ယိလင်ဆီက ကျမ့်ယုမင်ဘာရထားတာလဲဆိုတာ ကြည့်ချင်နေသည်။

နောက်ဆုံးတော့ လောင်ရွှန်းရဲ့ နားပူနားဆာလုပ်မှုကြောင့် ကျမ့်ယုမင် အားလုံးရှေ့မှာ လက်ဆောင်ကို ဖွင့်ကြည့်လိုက်ပါသည်။

စက္ကူအိတ်ထဲမှာ ပစ္စည်းနှစ်ခုရှိသည်။

တစ်ခုက ဆွယ်တာ တစ်ထည်ဖြစ်သည်။ ကြက်သွေးရောင်နဲ့ လည်ဖုံးဆွယ်တာလေးဖြစ်ပါသည်။

ပုံမှန်ဆို ယောက်ျားလေးအများစုက ကြက်သွေးနီရောင်ဖြင့် မလိုက်ဖက်သဖြင့် ဝတ်လေ့မရှိကြပါ။ သို့သော်လည်း ဒီအရောင်က ကျမ့်ယုမင်နဲ့ လုံးဝ လိုက်ဖက်ပါသည်။

ဒုတိယပစ္စည်းက အနက်ရောင် သိုးမွေးဦးထုပ်ဖြစ်သည်။

ပစ္စည်းတွေရဲ့ ဒီဇိုင်းက မရှုပ်ထွေးသော်လည်း လက်ဆောင်တွေကို အသိအမှတ်ပြုလို့ရပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now