အခန်း(၂၁၅) မောင်နှမနှစ်ယောက်စလုံး နှလုံးသားမဲ့တယ်
ဟွေ့ယူရဲ့ စကားကိုကြားတာနဲ့ ကျမ့်ယိလင် ချက်ချင်းပဲ ဖုန်းချပစ်လိုက်ပါသည်။
သိပ်မကြာလိုက်ဘဲ ဖုန်းသံထပ်မြည်လာသည်။ ခုနက နံပါတ်ပင်။
နောက်တစ်ခေါက် ကျမ့်ယိလင် ဖုန်းကိုင်လိုက်ပါသည်။
"ယိလင် နင့်အစ်ကိုထက်တောင် ဘာလို့ နှလုံးသားမဲ့ရတာလဲ။ ကိုကြီးလို့ ခေါ်စေချင်ရုံလေးကို အဲ့လောက်ခက်ခဲလို့လား"
ဟွေ့ယူ ဆောင့်ကြီးအောင့်ကြီးပြောလိုက်သည်။
ကျမ့်ယွင်ချန်းနဲ့ ကျမ့်ယိလင်တို့ နှစ်ယောက်စလုံး နှလုံးသားမဲ့ကြပါသည်။
အရင်ဘဝက ဒီမောင်နှမနှစ်ယောက်ဆီမှာ သူအကြွေးတွေ ဘယ်လောက်များတင်ခဲ့လို့လဲ။
ဖုန်းထပ်ချခံရမှာကိုကြောက်သဖြင့် ဟွေ့ယူ ဖုန်းဆက်ရခြင်း အကြောင်းအရင်းကို မြန်မြန်ရှင်းပြလိုက်ပါသည်။
"ယိလင် နင့်ကိုနောက်နေတာမဟုတ်ဘူး။ အရေးကြီးတယ်။ ခုလေးတင် နင်နဲ့ပတ်သတ်တဲ့ ပို့စ်တစ်ခုကို Dark Web မှာမြင်လိုက်တယ်။ တစ်ယောက်ယောက်က နင်နဲ့အတူတူထိုင်တဲ့ ကျောင်းသူကို အနိုင်ကျင့်ဖို့ ဒေါ်လာ ၁၀,၀၀၀ ကမ်းလှမ်းထားတယ်။ ပြီးတော့ နောက်ပိုင်း နင့်ကိုသူလုံးဝရှောင်သွားအောင် လုပ်ချင်နေကြတာ။ ပြီးတော့ အဲ့တာတွေက ကမ်းလှမ်းချက်ထဲက စကားလုံးတွေအတိုင်းပဲနော်။ ငါဘာမှ ထွင်ပြောထားတာ မရှိဘူး!"
"အဲ့ကမ်းလှမ်းချက်ကိုတင်ထားတဲ့လူရဲ့ IP address ကို ငါစစ်ပြီးသွားပြီ။ နင့်ဖုန်းထဲ အချက်အလက်တွေ ပို့ထားတယ်။ ပြီးတော့ အဲ့ပို့စ်ကိုလည်း ငါဖျက်ပေးလိုက်ပြီနော်"
ဒီကိစ္စတွေနဲ့ပတ်သတ်လာရင် ဟွေ့ယူက ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်သည်။ ဒီလိုကိစ္စတွေကို မိနစ်ပိုင်းအတွင်း သူကိုင်တွယ်နိုင်ပါသည်။
ဟွေ့ယူရဲ့လုပ်ရပ်တွေက ကျမ့်ယိလင်ကို အံ့အားသင့်သွားစေသည်။
ဟွေ့ယူက ကွန်ပျူတာပညာရှင်မှန်း သူမ သိပါသည်။ သို့သော် ဒီလိုကိစ္စမျိုးကို သူလှုပ်ရှားလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါ။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။