အခန်း(၃၃၃) မိဘဆရာတွေ့ဆုံပွဲမှာ ဒေါ်လေးမိုကို အရှက်ခွဲခြင်း (၂)
နောက်တစ်နေ့မနက် ကျမ့်မိသားစုဝင် ၃ ယောက်စလုံး ရှန်းဟွာအထက်တန်းကျောင်းကို စောစောရောက်လာခဲ့သည်။
ဝမ်းနွမ်က ကျမ့်ယွင်နော်၏ စာသင်ခန်းဘလော့ဂ်ကို သွားလိုက်သည်။ တစ်ဖက်မှာတော့ ကျမ့်ရှုရှင်းနဲ့ ကျမ့်ယွင်ချန်းတို့က ကျမ့်ယိလင်လေး၏ စာသင်ခန်းဘလော့ဂ်ကို သွားလိုက်ပါသည်။
လွန်ခဲ့သည့် ၂ ရက်က မိုဟွေ့ချင်းအတွက် အခက်ခဲဆုံး အချိန်တွေဖြစ်ခဲ့သည်။ ဖြစ်ပျက်ခဲ့တာတွေကို မိုရှစ်ယွင်အား မပြောပြခဲ့ပေ။ သူမသမီးလေးကို မစိုးရိမ်စေချင်ပါ။ သူမသမီးလေးကို ပညာရေးမှာသာ အာရုံစိုက်ထားစေချင်သည်။
သို့သော်လည်း ဟဲကျမ့်ကျွန်းကိုတော့ သူမ ပုန်းရှောင်နေလို့မရပါ။ ဒီရက်ပိုင်းအတွင်း နေ့တိုင်းလိုလို သူမတို့အိမ်ကို ရောက်လာတတ်သည်။ ပြဿနာမရှာသော်လည်း သူရှိနေတာတစ်ခုတည်းနဲ့ သူမ အလွန်နေရခက်နေပါသည်။
ဟဲကျမ့်ကျွန်း တစ်ခုခုလုပ်တာကမှ ပိုကောင်းလိမ့်မည်ဟု မိုဟွေ့ချင်း တွေးမိသည်။ သူသာ တစ်ခုခုလုပ်လိုက်လျှင် ကွာရှင်းပြတ်စဲမှု တရားစွဲဆိုချက်အတွက် သက်သေပိုရနိုင်ပါသည်။
သို့သော်လည်း ဟဲကျမ့်ကျွန်းက ဘာမှမလုပ်ပါ။ ဒီတိုင်းရှိနေရုံနဲ့ မိုဟွေ့ချင်း၊ မိုရှစ်ယွင်တို့ကို ရွံရှာစေပါသည်။
ဒီနေ့က သူမသမီးလေး၏ စီနီယာအထက်တန်းနောက်ဆုံးနှစ်အတွက် ပထမဆုံးမိဘဆရာတွေ့ဆုံပွဲဖြစ်သည်။ မိုဟွေ့ချင်း မတက်ရောက်ဘဲ သူမသမီးကို အရှက်ရစေလို့မဖြစ်ပါ။
ထို့ကြောင့် ခုတလော သူမအတွက် ဘယ်လောက်ပဲ ခက်ခဲနေပါစေ မိုဟွေ့ချင်း လှလှပပ ဝတ်စားခဲ့ပါသည်။ အကောင်းဆုံး အဝတ်အစားများကို ဆင်ယင်လျက် မိုရှစ်ယွင်၏ စာသင်ခန်းထဲသို့ ရောက်လာခဲ့ပါသည်။
မိဘဆရာတွေ့ဆုံပွဲတိုင်းမှာ မိုဟွေ့ချင်း အမြဲကိုယ့်ကိုယ်ကို ဂုဏ်ယူခဲ့ရသည်။
ဆရာဆရာမတွေက သူမသမီးလေးကို မကြာခဏ ချီးကျူးပြောဆိုတတ်၏။ ထို့ကြောင့် တခြားမိဘတွေက သူမကို အားကျစွာဖြင့်ကြည့်ကြပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။